မော်လမြိုင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးထွန်း ချောင်းဆုံမြို့နယ်ကော်မတီဝင်များနှင့် တွေဆုံ

 

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးထွန်းသည် မတ်လ (၁၅) ရက်နေ့တွင် ချောင်းဆုံမြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ မြို့နယ်ပါတီကော်မတီဝင်များအား တွေဆုံကာ လမ်းညွန်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲကို မော်လမြိုင်ခရိုင်ကော်မတီဝင်များ၊ ချောင်းဆုံမြို့နယ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
#admin_team


မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိုနှိုင်း အစည်းအဝေးပြုလုပ်

 

မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု နည်းပြ (ဆင့်ပွား) သင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် မတ်လ (၁၄) ရက်နေ့ နေ့လည် (၁၁) နာရီမှစတင်ကာ ပြည်နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးနှင့် ပြည်နယ်ပါတီကော်မတီဝင်များ၊ ပါတီဌာနချုပ်တွင် နည်းပြသင်တန်း တက်ရောက်ထားကြသူများ တက်ရောက်ကာ လုပ်ငန်းညှိုနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြပြီး မွန်းလွဲ(၁)နာရီချိန်တွင် အစည်းအဝေးပြီးမြောက်ခဲ့သည်။

Crd;

ရပ်/ကျေးပါတီဥက္ကဋ္ဌများအဖြစ် ပြောင်းလဲခန့်အပ်ပွဲအခမ်းအနား မော်လမြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကျင်းပ

မော်လမြိုင် မတ် ၁၁

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရပ်ကွက်နှင့်ကျေးရွာ စည်းရုံးရေးမှူး များအား ရပ်ကွက်ကျေးရွာပါတီဥက္ကဋ္ဌများ အဖြစ် တာဝန်ပြောင်းလဲပေးအပ်ပွဲကို မော်လမြိုင်မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။

ဘီးလင်းမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီမှ (၇၁)နှစ်​​မြောက်​ ပြည်​​ထောင်​စု​နေ့အထိမ်းအမှတ်​ပြိုင်ပွဲများ ကျင်းပ

 

မွန်​ပြည်​နယ်​၊ ဘီးလင်းမြို့နယ်​ ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ (၁၂)ရက်နေ့ (ပြည်ထောင်စုနေ့) နံနက်(၉)နာရီချိန်မှစတင်ကာ (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပခဲ့သည်။
ရှေ့ဦးစွာ နိုင်​ငံ​တော်​အလံအား စု​ပေါင်းအ​လေးပြုကြကာ နိုင်​ငံ​တော်​သီချင်း သံပြိုင်သီဆိုကာ အခမ်းအနားကို စတင်ဖွင့်​လှစ်​ခဲ့ကြသည်​။ယင်းနောက် ပြည်​ခိုင်​ဖြိုးပါတီမှ လူငယ်​အဖွဲ့ဝင်​များမှာ ရာသက် ပန်ပြည်​​ထောင်​စုသီချင်း သီဆိုခဲ့သည်။
ထိုနောက်​ ပြည်​နယ်​ပါတီအတွင်း​ရေးမှူး ဦးဝင်း​မော်​ဦးမှ အ​မှာစကား​ပြောကြားပြီး၊ မြို့နယ်​ပါတီဥက္ကဋ္ဌ ဦးမြင့်​​ဆွေမှ အခမ်းအနားကျင်းပရခြင်း ရည်​ရွယ်​ချက်​များအား တင်​ပြ​ဆွေး​နွေးခဲ့​​သည်​။
နှုတ်မှုစွမ်းရည်ပြိုင်​ပွဲ၊ မြန်​မာသံစဉ်​သီချင်းသီဆိုပြိုင်​ပွဲများ၊ စစ်တုရင်ပြိုင်ပွဲများ ကျင်းပခဲ့ကာ အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပေးခဲ့သည်။
မြို့နယ်ပါတီကော်​မတီဝင်​များမှ အခမ်းအနားသို့တက်ရောက်လာကြသော ရပ်/ကျေးဥက္ကဋ္ဌများအား လက်ဆောင်များ ပေးအပ်ခဲ့ခြင်း၊ ကံစမ်းမဲဖောက်ခြင်းများ ပြုလုပ်ခဲ့ကြကာ မွန်းလွဲ(၂)နာရီချိန်တွင် အခမ်းအနား ပြီးမြောက်ခဲ့သည်။

ပါတီဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီဥက္ကဌ မြို့နယ်ပါတီဥက္ကဌ၊ ကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများ နှင့် တွေ့ဆုံ

ဒီဇင်ဘာ(၇)

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ယနေ့ ဒီဇင်ဘာလ (၇) ရက်နေ့ နံနက် (၁၁း၀၀) နာရီချိန်တွင် ဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီဥက္ကဌ ဦးအောင်ကြည်သိန်းနှင့် မြို့နယ်ပါတီ ဥက္ကဌ၊ အတွင်းရေးမှူး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်၊ကျေးစည်းမှူးများ တွေ့ဆုံခဲ့သည်။

ပါတီဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီဥက္ကဌ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများနှင့် တွေ့ဆုံ

ဒီဇင်ဘာ – ၁ 

မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ၂၀၁၇ခုနှစ် ဒီဇင်ဘာ (၁) ရက်နေ့ နံနက် (၁၁း၀၀) နာရီချိန်တွင် ပြည်နယ်ပါတီဥက္ကဌ ဦးအောင်ကြည်သိန်းမှ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများနှင့် တွေ့ဆုံခဲ့သည်။

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မျိုးဆက်သစ် လူငယ်မောင်/မယ်များ တွေ့ဆုံဆွေးနွေးပွဲမှ သဘောတူ ရရှိခဲ့သည့် ရှေ့လုပ်ငန်းစဉ်များ

(၁) ပြည်သူ့အကျိုးပြုလုပ်ငန်းများ လစဉ် ဆောင်ရွက်ရန် ၊

(၂) မြို့နယ်များတွင် ဖွဲ့စည်းပြီးသော ပရဟိတအသင်းများလှုပ်ရှားမှု တစ်လတစ်ကြိမ် လှုပ်ရှားဆောင်ရွက်ရန်၊

(၃) ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ အမျိုးသားရေးဆိုင်ရာ အသင်းအဖွဲ့များတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်ရန်၊

(၄) လူငယ်ထုအင်အားကျစ်လစ်သိပ်သည်းမှုမှ တိုးချဲ့စည်းရုံးဆောင်ရွက် ရန်၊

ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးနှင့်အဖွဲ့ဝင်များ ရေးမြို့ရှိ သမိုင်းဝင်ဆံတော်ရှင်ဘုရားများအား ဖူးမျှော်ကြည်ညို ၊ ရေးမြို့နယ်ပါတီဝင်ထုနှင့် တွေ့ဆုံ