ပါတီဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီဥက္ကဌ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများနှင့် တွေ့ဆုံ

ဒီဇင်ဘာ – ၁ 

မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ၂၀၁၇ခုနှစ် ဒီဇင်ဘာ (၁) ရက်နေ့ နံနက် (၁၁း၀၀) နာရီချိန်တွင် ပြည်နယ်ပါတီဥက္ကဌ ဦးအောင်ကြည်သိန်းမှ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများနှင့် တွေ့ဆုံခဲ့သည်။

ပြည်နယ်ပါတီဥက္ကဌမှ ဗဟိုပါတီရဲ့လမ်းညွန်ချက်များ၊ ပါတီရဲ့ဆောင်ရွက်ချက်များနှင့် ရှေ့ဆက်ဆောင်ရွက် ရမည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ချပြဆွေးနွေးခဲ့သည်။ ယင်းနောက် ရပ်/ကျေးစည်းမှူးများနှင့် မြို့နယ်ကော်မတီဝင်တို့မှ သိရှိလိုသည့်ကိစ္စရပ်များ၊ လက်ရှိအခြေအနေများအား တင်ပြဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲကို ပြည်နယ်ပါတီဥက္ကဌ ဦးအောင်ကြည်သိန်း၊ ပြည်နယ်ပါတီကော်မတီ ဦးဇော်မြင့်၊ မော်လမြိုင်ခရိုင်ပါတီဥက္ကဌ ဦးစိုးထွန်း၊ ခရိုင်ကော်မတီဝင် ဦးမင်းအောင်မြင့်၊ မြို့နယ်ပါတီဥက္ကဌ ဦးကျော်ကျော်လွင်၊ မြို့နယ်ကော်မတီဝင်များနှင့် ရပ်/ကျေးစည်းမှူးများ တက်ရောက်ခဲ့ပြီး မွန်းလွဲ (၀၂း၀၀) နာရီချိန်တွင် တွေ့ဆုံပွဲ ပြီးမြှောက်ခဲ့သည်။