ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးနှင့်အဖွဲ့ဝင်များ ရေးမြို့ရှိ သမိုင်းဝင်ဆံတော်ရှင်ဘုရားများအား ဖူးမျှော်ကြည်ညို ၊ ရေးမြို့နယ်ပါတီဝင်ထုနှင့် တွေ့ဆုံ

မွန် နိုဝင်ဘာ ၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ဝင်များသည် ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် မွန်ပြည်နယ် ရေးမြို့ ကျက်သရေဆောင် သမိုင်းဝင် ဆံတော်ရှင် ရွှေဆံတော်စေတီတော်မြတ်ကြီးနှင့် ရေလယ်ဘုရားအားသွားရောက်ဖူးမျှော်ကြည်ညိုခဲ့ကြသည်။
ထို့နောက်ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ဝင်များသည် ရေးမြို့နယ် ပြည်ခိုင်ဖြိုးရုံးတွင်ကျင်းပပြုလုပ်သည့် ပါတီဝင်ထုများနှင်တွေ့ဆုံပွဲသို့ တက်ရောက်ကာ ပါတီဝင်များအား သြဝါဒစကား မိန့်ကြားခဲ့သည်။
အခမ်းအနားကို နိုင်ငံတော်သီချင်းအား သံပြိုင်ရွတ်ဆိုဖွင့်လှစ်ပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ သြဝါဒစကား မိန့်ကြားသည်။ ယင်းနောက် ရေးမြို့နယ်မှပါတီဝင်ရောက်ကြသည့် ပါတီဝင် အသစ်များကိုယ်စား ပါတီဝင်တစ်ဦးမှပေးအပ်ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်သူရမှလက်ခံရယူသည်။
ယင်းနောက် ရေးမြို့နယ်ပါတီဥက္ကဋ္ဌမှ ပါတီဝင်နှစ်စဉ်ကြေးများအားပေးအပ်ရာ ဦးအောင်မြတ်ဦးမှ လက်ခံရယူခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင် ပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့် အဖွဲ့ဝင်များသည်ပါတီဝင်အသစ်များအား ပါတီအမှတ်တံဆိပ် ရင်ထိုးများအား ကိုယ်တိုင်တပ်ဆင်ပေးကြပြီး တွေ့ဆုံပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက် ခဲ့သည်။