ဘီးလင်း​ရေ​ဘေးသင့်​ပြည်​သူများအား လာ​ရောက်​လှူ ဒါန်းသည့် ​ရွှေပြည်​တော်​သို့ဆုံမှတ်​ပရဟိတအသင်းအား ပြည်​ခိုင်​ဖြိုး ကူညီ​ဆောင်​ရွက်

 

ဘီးလင်း၊ သြဂုတ်​ ၂

ဖြူစင်​​မေတ္တာ ပရဟိတအသင်းမှ ဘီးလင်းမြို့နယ်​​ ရေ​ဘေးသင့်ပြည်သူများအတွက် ​လာ​ရောက်​လှူဒါန်းရာ မွန်​ပြည်​နယ်​ ပြည်​ခိုင်​ဖြိုးပါတီအတွင်း​ရေမှူး ကူညီ​ဆောင်​ရွက်

 

ဘီးလင်း၊ သြဂုတ် – ၁

ရေကြီးနစ်​မြုပ်​မှုဖြစ်​​ပေါ်​နေသည့် သထုံမြို့နယ်​မှ ​ကျေးရွာအချို့အား သထုံပြည်​ခိုင်​ဖြိုးပါတီ လှူဒါန်းမှုများပြုလု

ပေါင်​ပြည်​ခိုင်​ဖြိုးပါတီ ကင်းရွာ​ကျေးရွာ ​ရေ​ဘေးသင့်ပြည်​သူများကို သွား​ရောက်​ ကူညီလှူဒါန်း

 

ပေါင်​၊ ဇူလိုင်​ ၃၁

ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးနှင့်အဖွဲ့မှ ဘီးလင်းမြို့နယ် ရေဘေးရှောင်ပြည်သူများအား စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်း

 

ဘီးလင်း၊ ဇူလိုင် ၃၀

ရေဘေးသင့်ပြည်သူများအား ဘီးလင်းမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီ​မှ ရေသန့်နှင့် စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်း

 

ဘီးလင်း၊ ဇူလိုင်​ ၂၉

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်​ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးမြင့်​​ဆွေဦး​ဆောင်​​သောအဖွဲ့သည်​ ယမန်နေ့ နံနက် ​(၁၁) နာရီတွင်​​ ရေ​ဘေးသင့်​ပြည်​သူများအား စားသောက်ဖွယ်ရာများ သွား​ရောက်​လှူဒါန်းခဲ့​ကြောင်းသိရသည်​။
 ပထမဦးစွာ ဘီးလင်းမြို့နယ်​ပြည်​ခိုင်​ဖြိုးပာတီဥက္ကဋ္ဌ ဦးမြင့်​​ဆွေနှင့် အဖွဲ့သည်​ ဒညင်းကုန်း​ကျေးရွာအုပ်​စု​ရှိ ရေ​ဘေးသင့်​ပြည်​သူများအားလည်​​ကောင်း၊ ဟုံးဝ​ကျေးရွာအုပ်​စု ဖိုးကြီးဆိမ်​ရပ်​ကွက်​ရှိ​ ရေ​ဘေးသင့်​ပြည်​သူများအားလည်​​ကောင်း၊ရေသန့်ဗူးများနှင့် စား​သောက်​ဖွယ်​ရာများအား လှူဒါန်းခဲ့​ကြောင်း သိရသည်​။
အဆိုပါလှူဒါန်းရာသို့ ဘီးလင်းမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်​​ဆွေ၊မြို့နယ်​​ကော်​မတီဝင်​ဦးမင်းကြည်​၊ ဦးသိန်း​ဇော်​ဝင်း၊​ဒေါ်နှင်းဆီနှင့်​ မြို့နယ်​အရံ​ကော်​မတီဝင်​များမှ သွားရောက် လှူဒါန်းခဲ့​ကြောင်း သိရှိရသည်​။

ဘီးလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့်ဆွမ်းဆက်ကပ်လှူဒါန်း

 

ဘီးလင်း၊ ဇူလိုင်-၂၅

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီရုံး အစည်းအ​ဝေးခန်းမ​ဆောင်​၌ ယ​နေ့နံနက်​ ၁၀ နာရီတွင်​ ဆရာ​တော်​ သံဃာ​တော်​များအား​ ဝါဆိုသင်္ကန်းနှင့် ​နေ့ဆွမ်းဆက်ကပ်​ လှူဒါန်းခဲ့သည်​။
အဆိုပါ ဝါဆိုသင်္ကန်း​နှင့်​ဆွမ်းဆက်ကပ်​လှူဒါန်းပွဲသို့ ဘီးလင်းမြို့တပ်​ဦး​ကျောင်းတိုက်​ ဆရာ​တော်​အရှင်​ဝိမလ အမှူးပြု​သောဆရာ​တော်​အရှင်သူမြတ်(၅)ပါး ကြွရောက်​ချီးမြှင့်​ခဲ့သည်။
ယင်းအခမ်းအနားသို့ ပြည်နယ်ပာတီကော်​မတီဝင်​ ​ဒေါက်​တာခင်​​မောင်​သွင်​၊ မြို့နယ်​ဥက္ကဋ္ဌဦးမြင့်​​ဆွေ၊ အတွင်း​ရေးမှူး ဦး​ကျော်​​ဇေယျာမင်း၊ မြို့နယ်​​ကော်​မတီဝင်​များ၊ ရပ်​/​ကျေးပါတီဥက္ကဋ္ဌများ တက်​​ရောက်​ခဲ့ကြ​ကြောင်း သိရသည်​။
ရှေ့ဦးစွာ န​မောတဿသုံးကြိမ်​ရွက်​ဆိုပြီးဆရာ​တော်​သံဃာ​တော်​များအား ရှိခိုးကန်​​တော့ကာ တပ်​ဦး​ကျောင်းတိုက်​ဆရာ​တော်​ အရှင်​ဝိမလ ထံမှာ ငါးပါးသီလခံယူကြပြီး ဆရာ​တော်​သံဃာ​တော်​များအား ဝါဆိုသင်္ကန်​နှင့်​လှူဖွယ်​ဝတ္တူများအား ဆက်ကပ်​လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ရေ​ဘေး​ရှောင်​အိမ်​​ထောင်​စုများအတွက်​ သထုံပြည်​ခိုင်​ဖြိုးပါတီမှ စား​သောက်​ဖွယ်​ရာများ သွား​ရောက်​လှူဒါန်း

 

မွန်​ပြည်​နယ်​ သထုံမြို့နယ်​ ​ဈေးမသွယ်​ထက်​​ကျေးရွာရှိ အိမ်​​ထောင်​စု(၃၀)​ကျော်​မှ ​ရေတိုး၍​ရေများလာမှု​ကြောင့်​ ​ရေလွတ်​ရာ​နေရာများသို့ ​ပြောင်း​ရွေ့​နေထိုင်​ရာ ဇူလိုင်​ ၂၅ရက်​​နေ့တွင်​ သထုံခရိုင်​နှင့်​ သထုံမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီတို့ စု​ပေါင်းကာ ​ရေ​ဘေး​ရှောင်​ပြည်​သူများအတွက်​ စား​သောက်​ဖွယ်​ရာပစ္စည်းများနှင့်​ အသုံးအ​ဆောင်​ပစ္စည်းများအား သွားလှူဒါန်းခဲ့ကြ​ကြောင်း သိရှိရသည်​။


ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ညှိနှိုင်းအစည်းအဝေးပြုလုပ်

 

17-7-2018

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ဇူလိုင် (၁၇) ရက်နေ့ (၁၁း၀၀) အချိန်တွင် လပတ်ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်နယ်အရန်ပါတီကော်မတီဝင် ဦးသံဒိုင်မှ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များအတွက် ဆွေးနွေးခဲ့ပြီး မြို့နယ်ပါတီအတွင်းရေးမှူး ဦးမိုးမြင့်မှ ရပ်/ကျေးပါတီဥက္ကဌများအနေဖြင့် မိမိကျေးရွာများတွင် တစ်ထောင့်တနေရာမှ လူထုအကျိုးကို အကောင်းဆုံးကူညီဆောင်ရွက်ကြရန်နှင့် အာဇာနည်နေ့အခမ်းအနားသို့ ချီတက်အလေးပြုရန်အတွက် ညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး ရပ်/ကျေးပါတီဥက္ကဌများမှ ပြန်လည်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ ပြည်နယ်အရန်ပါတီကော်မတီဝင်/ မြို့နယ်ကော်မတီဝင်များနှင့် ရပ်/ကျေးပါတီဥက္ကဌများ အပါအဝင် စုစုပေါင်းအင်အား (၅၅) ဦးတက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည် (၁၁:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့သည်။