ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပဉ္စဂီရိချမ်းမြေ့စည် သီလရှင်စာသင်တိုက်သို့ လှူဖွယ်ပစ္စည်းလှူဒါန်း

 

သထုံ ဇွန်​ ၂၄

သထုံမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီမှ ခရိုင်​ပါတီ ဥက္ကဌဦး​ကျော်​မြင့်​ ၊ မြို့နယ်​ပါတီဥက္ကဌ ဦး​စောမျိုးမင်း​ဌေးတို့ဦး​ဆောင်​၍ ယ​နေ့နံနက်​ (၀၉း၃၀) အချိန်​တွင်​ ပဉ္စဂီရိချမ်းေ​မြ့သီလရှင်စာသင်တိုက်ရှိ သီလရှင်များ COVID-19 ကာလအတွင်း ဆွမ်းကိစ္စများအဆင်​​ပြေနိုင်​​စေ​ရေးအတွက်​ ဆန်​တစ်​အိတ်​ ဆက်​ကပ်​လှူဒါန်းခဲ့ပါသည်​။  ထို့အပြင်​ သထုံတပ်​နယ်​ ဒုတိယတပ်​နယ်​မှူး ​ဒုဗမကရဲမင်းဦး ​ဦး​ဆောင်​​သော တပ်​မ​တော်​သားများကလည်း ​ကျောင်းတွင်း/ပြင်​သန့်​ရှင်း​ရေး ၊ ​ဆေးဖျန်းခြင်း ၊ ကျန်းမာ​ရေးစစ်​​ဆေး​ရေးများ လုပ်​​ဆောင်​​ပေးကြ​ကြောင်း သိရှိရပါသည်​။

ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးပါတီ ဆိုင်းဘုတ်တင်ခြင်းနှင့် နှာခေါင်းစည်း ( MASK ) များလှူဒါန်း

 

ဘီးလင်း ၊ ဇွန် ( ၂၂ )

ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကျိုက်ထို မြို့တွင်း စျေးများ တွင် Mask များအခမဲ့ဖြန့်ဝေ

 

ဇွန် ၁၅၊ ကျိုက်ထို

ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျိုက်ထို မြို့နယ် ရှိ စျေးများ နှင့် ပြည်ခိုင်ဖြိုးပါတီ ရုံးရှေ့တွင် Covid -19 ရောဂါကာကွယ်နိုင်ရန် Mask ၂၀၀၀ အား ယနေ့ နံနက် ၇ နာရီ အချိန် မှ စ၍ အခမဲ့ ဖြန့်ဝေလှူဒါန်းခဲ့ပါသည်။ အဆိုပါ ဆောင်ရွက်မှုအား ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လူငယ်ရေးရာပါတီ၀င်များးမှ စုပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ပြည်ခိုင်ဖြိုး ပါတီ ကျိုက်ထိုမြို့နယ်

ကျိုက်ထိုမြို့နယ်‌ ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပြည်သူ့အတွက်အာမခံချက် မြေစိုက်ဗီနိုင်းပိုစတာ စိုက်ထူ

 

ကျိုက်ထို ၊ မတ် ၃

ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးပုံပါ ”ပိုမို တောက်ပသော အနာဂတ်ဆီသို့” မြေစိုက်ပိုစတာနှင့် ပြည်သူ့အတွက် အာမခံချက်ကိုးချက်ပါ မြေစိုက်ပိုစတာ နှစ်ခုအား စိုက်ထူပွဲ မင်္ဂလာအခမ်းအနားကို မတ်လ ၃ ရက်နေ့  နံနက် ၉ နာရီခွဲက ကျင်းပ ခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေး မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံပွဲ တက်ရောက်

 

ဖေဖော်ဝါရီ ၁၃၊ မော်လမြိုင်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နေ့လည် (၂) နာရီက မွန်ပြည်နယ် ပြည်နယ်ပါတီရုံးခန်းမတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ရာ အခမ်း အနားကို နိုင်ငံတော်သီချင်း သီဆို၍ နိုင်ငံတော်အလံအား အလေးပြုကြပြီးနောက် (၂) ခရိုင် ( ၁၀) မြို့နယ်ပါတီ ဥက္ကဌများမှ ပါတီအတွင်း လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် သိရှိလိုသည်များကို ရှင်းလင်းတင်ပြ ခဲ့ကြပါသည်။ ထို့နောက် ခရိုင်ပါတီဥက္ကဌ၊ ပြည်နယ်ပါတီအတွင်းရေးမှူးနှင့် ပြည်နယ်ပါတီဥက္ကဌတို့မှ ပါတီအတွင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပါသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး သဲဖြူကုန်းကျေးရွာ သဘာဝဘေးသင့် ပြည်သူများအတွက် အလှူငွေများ ထောက်ပံ့လှူဒါန်း

 

ပေါင်၊ သြဂုတ် ၂၂

မွန်ပြည်နယ်သို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟို အလုပ်အမှုဆောင်များသည် မိုးရွာသွန်းမှု များပြားခြင်းကြောင့် မြေပြိုမှုဖြစ်ပွားခဲ့သော ပေါင်မြို့နယ် သဲဖြူကုန်း ကျေးရွာရှိ မြေပြိုကျခဲ့သည့် နေရာအား ကြည့်ရှု့ပြီး ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် ပေါင်မြို့နယ် ပြည်ခိုင်ဖြိုးရုံး၌ ကျင်းပသည့် သဘာဝဘေးသင့် ပြည်သူများအတွက် အလှူငွေလှူဒါန်းပွဲ၌ ပါတီဗဟိုမှ ပေးအပ်သည့် အလှူငွေကျပ် သိန်းသုံးဆယ်အား လူမှုရေးအသင်းအဖွဲ့များထံ လွှဲပြောင်းပေးအပ် လှူဒါန်းခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ချောင်းဆုံမြို့နယ်ရှိ ရပ်မိရပ်ဖများ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံ

 

ချောင်းဆုံ၊ သြဂုတ် ၂၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင်များသည် ယနေ့ သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၉ နာရီက မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးသို့ ရောက်ရှိကြပြီး ချောင်းဆုံမြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ပါတီဝင်များအား လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်ဌေး မုဒုံမြို့နယ်ရှိ ရပ်မိရပ်ဖများ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံ

 

မုဒုံ၊ သြဂုတ် ၂၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင်များသည် ယမန်နေ့ သြဂုတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်ခိုင်ဖြိုးရုံးသို့ ရောက်ရှိကြပြီး မုဒုံမြို့နယ် ပါတီကော်မတီဝင်များ ရပ်မိရပ်ဖများ၊ ပါတီဝင်များအား လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကျိုက်မရောရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်လှူဒါန်း

 

ကျိုက်မရော ၊ သြဂုတ် ၂၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယမန်နေ့ သြဂုတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က ရေကြီးနစ်မြုပ်မှုဒဏ် ခံစားခဲ့ရသည့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျုံစိန်ကျေးရွာရှိ ရေဘေးသင့် ပြည်သူများအား ကျုံစိန်ကျေးရွာ သာသနာ့လင်္ကာရကျာင်း၌ ကူညီကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်လှူဒါန်း ခဲ့သည်။

မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် သာပေါင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေပေးအပ် လှူဒါန်း

 

သာပေါင်း သြဂုတ် ၁၉

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် သာပေါင်းမြို့ နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လှူဒါန်းသည့် အလှူငွေများကို သာပေါင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးကိုကိုဇင်၊ အတွင်းရေးမှူး ဦးစိုးမြင့်၊ ဘဏ္ဍာရေးမှူး ဦးဝင်းသန်းတို့က အလှူငွေနှင့် ပစ္စည်းများ သွားရောက်ထောက်ပံ့ လှူဒါန်းမည့် သာပေါင်းမြို့နယ်၏ ဦးဆောင် ဆရာတော်များထံသို့ ယမန်နေ့ ညနေ ၄ နာရီတွင် သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။