ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ​ သံဖြူဇရပ်​မြို့နယ်​ ​​ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံကာ လမ်းညွှန်​အမှာစကား​ပြောကြား

 

မွန်ပြည်နယ် ​သံဖြူဇရပ်​မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ယနေ့ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၁၁ နာရီကအချိန်၌ ပြုလုပ်သည့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံပွဲကို ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း တက်ရောက်ပြီး အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော်သီချင်း သံပြိုင်သီဆိုကာ ဖွင့်လှစ်ပြီး ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌမှ မြို့နယ်​​ကော်​မတီဝင်​များ၊ ရပ်​ကွက်​နှင့်​ကျးရွာပါတီဥက္ကဋ္ဌများအား လမ်းညွှန်​အမှာစကား​ပြောကြားခဲ့သည်​။
ယင်းနောက် မြို့နယ်ပါတီဥက္ကဋ္ဌမှ မြို့နယ်ပါတီဖွဲ့စည်းထားရှိမှု ရပ်ကွက်နှင့်ကျေးရွာများ ဖွဲ့စည်းထားရှိမှုများအား မြို့နယ်ပါတီမှ ပါတီ၏ရည်မှန်းချက်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ အချိန်အခါအလိုက် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ ကျဆင်းစေရေးအတွက်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဝိုင်းဝန်းကူညီဆောင် ရွက်နေမှုများ၊ ပါတီအဆင့်ဆင့်၏လမ်းညွှန်မှုများအား ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး၊ တက်ရောက်လာကြသော ရပ်ကွက်နှင့်ကျေးရွာ ပါတီဥက္ကဋ္ဌများမှ မိမိတို့ရပ်ကွက်ကျေးရွာများအလိုက် ပါတီလုပ်ငန်းများ၊လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား တင်ပြခြင်း သိရှိလိုသည်​များအား​မေးမြန်းကြသည်။
ထို့နောက် ခရိုင်​ပါတီဥက္ကဋ္ဌမှဆက်​ရှင်းလင်​တင်​ပြပြီး ဗဟိုအလုပ်မှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌမှ ရပ်​​ကျေးပါတီဥက္ကဋ္ဌများ၏ ​မေးမြန်းချက်​များအား ပြန်​လည်​​ဖြေကြားပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်​။
အဆိုပါ​တွေ့ဆုံပွဲသို့ ပြည်​နယ်​ပါတီ​ကော်​မတီဝင်​ ဦးသက်​​​ထွေး၊ ​မော်​လမြိုင်​ခရိုင်​ပါတီဥက္ကဋ္ဌ ဦး​စိုးထွန်း​၊ ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊ မြို့နယ်​ပါတီဥက္ကဋ္ဌနှင့်​ မြို့နယ်​​ကော်​မတီဝင်​များ၊ ရပ်​ကွက်​နှင့်​​ကျေးရွာပါတီဥက္ကဋ္ဌများ တက်​​ရောက်​ကြ​ကြောင်း သိရသည်​။