မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာ (၅) ရက်နေ့ နံနက် (၁၁) နာရီချိန်တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးမှ ရှေ့ဆက်ဆောင်ရွက်ရမည့် စည်းရုံးရေးလုပ်ငန်းစဉ်များ၊ ပါတီရဲ့လမ်းညွန်ချက်များအား ချပြဆွေးနွေးရာ တက်ရောက်လာကြသော ခရိုင်၊ မြို့နယ်ဥက္ကဋ္ဌများမှ မိမိတို့ခရိုင်၊ မြို့နယ်များရဲ့ လုပ်ဆောင်ချက်များအား ဆွေးနွေးတင်ပြရာ ပြည်နယ်ပါတီအတွင်းရေးမှူးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင် (၂) ခရိုင်မှ ပါတီဥက္ကဋ္ဌများ၊ (၁၀) မြို့နယ်မှ မြို့နယ်ပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပြီး မွန်းလွဲ (၁း၃၀) နာရီချိန်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြီးမြောက်ခဲ့ပါသည်။