မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

မွန်၊ စက်တင်ဘာ ၂၄

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးအစည်းအဝေးခန်းမ စက်တင်ဘာ (၂၄) ရက်နေ့ နံနက် (၁၁) နာရီချိန်မှ စတင်ကာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းမှ ပါတီဗဟိုရဲ့ လမ်းညွှန်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့်ကိစ္စရပ်များအား ဆွေးနွေးခဲ့ပြီး၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးမှ ပါတီရဲ့လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြခဲ့ရာ ၊ ခရိုင်၊ မြို့နယ်မှ ပါတီဥက္ကဋ္ဌများမှ မိမိမြို့နယ်များရဲ့အခြေအနေများ၊ ရှေ့ဆက်လုပ်ဆောင်မည့် ကိစ္စရပ်များအား တင်ပြဆွေးနွေးခဲ့သည်။
ယင်းနောက် ပြည်နယ်ပါတီဥက္ကဋ္ဌ မှ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ၏ မေးမြန်းချက်များ၊ အကြံပြုတင်ပြချက်များအား ပြန်ရှင်းဆွေးနွေးခဲ့ပြီး ညနေ (၂း၃၀) နာရီချိန်တွင် အစည်းအဝေးပြီးမြောက်ခဲ့သည်။
အဆိုပါအစည်းအဝေးကို ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦး၊ ပြည်နယ်ပါတီကော်မတီများ၊ ခရိုင်ပါတီဥက္ကဋ္ဌများ၊ ခရိုင်ပါတီအတွင်းရေးမှူးများ၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။