ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်တင်ခြင်းဆောင်ရွက်

 

ကျိုက်ထို၊ စက်တင်ဘာ ၂၈

ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီအောင်နိုင်ရေးအဖွဲ့ဝင်များက ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲ အောင်နိုင်ရေး ပိုစတာ ဗွီနှိုင်းများ စိုက်ထူခြင်းကို စက်တင်ဘာ ၂၈ ရက်နေ့တွင် မြောက်ပိုင်းတွင် သွားရောက် ဆောင်ရွက်ခဲ့ကြသည်။ ထို့သို့သွားရောက် ဆောင်ရွက်ရာတွင် ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇေယျာဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုး၀င်း၊ ပြည်နယ်လွှတ်တော် အမှတ် (၁) ကိုယ်စားလှယ်လောင်း ဦးဌေးလွင်နှင့် နယ်မြေတာဝန်ခံ ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာပါတီဝင်များ လိုက်ပါခဲ့ကြပြီး ပါတီဝန်းရံသူများနှင့် ကျေးရွာ ရပ်မိရပ်ဖ ဒေသခံများက လှိုက်လှဲပျူငှာစွာ ကြိုဆိုခဲ့ကြကာ ပါတီအောင်နိုင်ရေး အဖွဲ့ဝင်များက ဒေသခံများ ကျန်းမာရေး ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ Mask နှာခေါင်းစည်းများ ဖြန့်ဝေခြင်း၊ ကိုယ်စားလှယ်လောင်း လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း လုပ်ငန်းတို့ကို လုပ်ဆောင်ခဲ့သည်။

#Crd ပြည်ခိုင်ဖြိုးပါတီ ကျိုက်ထိုမြို့နယ်