ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ကျေးလက်ဒေသ ရပ်မိရပ်ဖနှင့် ပြည်သူများက ကြိုဆို

 

ကျိုက်ထို၊ အောက်တိုဘာ ၁၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျိုက်ထိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ဆွေ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုးဝင်း၊ ပြည်နယ်အမှတ် (၁) ကိုယ်စားလှယ်လောင်း ဦးဌေးလွင် မြို့နယ်ပါတီဥက္ကဋ္ဌ ပြည်နယ်လွှတ်တော် အမှတ် (၂) ကိုယ်စားလှယ်လောင်း ဦးဇေယျာဦးတို့သည် ကျိုက်ထို မြို့နယ် ဘိုရားကြီးကျေးရွာရှိ မဲဆန္ဒရှင်ကျေးလက်နေ ရပ်မိရပ်ဖများ၏ ဖိတ်ကြားချက်အရ  ကျေးလက်နေပြည်သူ များထံ ယမန်နေ့ နံနက်ပိုင်းက သွားရောက်တွေ့ ဆုံခဲ့ရာ ကျေးရွာရှိ ကျေးလက်ဒေသမှ ရပ်မိရပ်ဖများ၊ ပြည်သူ များ၊ ပါတီ ဝန်းရံသူများက သိုက်သိုက်ဝန်းဝန်း  လှိုက်လှဲစွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

#Crd ko Phyo Wai San