ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးဆိုင်းဘုတ်များ စိုက်ထူ

 

ကျိုက်ထို၊ အောက်တိုဘာ

ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရွေးကောက်ပွဲအောင်နိုင် ရေးဗီနိုင်း ဆိုင်းဘုတ်များကို ယမန်နေ့ နံနက် ၉ နာရီတွင် သိမ်ဇရပ်မြို့ အတွင်းတွင် စိုက်ထူဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါအောင်နိုင်ရေးဗီနိုင်း ဆိုင်းဘုတ်ဖွင့်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ဆွေ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုး၀င်း၊ ပြည်နယ်လွှတ်တော် အမှတ် (၁) ကိုယ်စားလှယ်လောင်း ဦးဌေးလွင် ၊မြို့နယ်ပါတီဥက္ကဋ္ဌ ပြည်နယ်လွှတ်တော် အမှတ် (၂) ဦးဇေယျာဦးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ဒေသခံဝန်းရံ ပြည်သူများ တက်ရောက် ခဲ့ကြသည်။Phyo Wai San