ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းအား ဒီဗွီဘီမှ ဆက်သွယ်မေးမြန်း ထားချက်များမှ ကောက်နှုတ်ဖော်ပြပါသည်။
ဒီကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ သံလွင်တံတားချောင်းဆုံ နာမည်ပေးတဲ့ကိစ္စ ဒေသခံတွေ ကန့်ကွက်ခဲ့ကြ တယ်။ အဲ့ဒီတံတားနာမည်ဂယက်က ကြားဖြတ်အပေါ် သက်ရောက်မှုရှိတယ်လို့မြင်မိလား။
ကျနော်တော့ မမြင်မိဘူးဗျ၊ အဲ့ဒီဂယက်က သိပ်ပြီးတော့မမြင်ရဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့ မဲထည့်တဲ့ ပုံစံမျိုးကလည်း ခါတိုင်း ၂၀၁၅ ပုံစံလိုပါပဲ၊ သူတို့ ထည့်တာက။ တခုပဲ အဲ့ဒီမှာ အန်အယ်လ်ဒီ ဦးအေးဝင်းကို မထည့်တာလည်း ဒေသခံမဟုတ်လို့ပဲ။ အဲ့ဒါ တခုပါပဲ၊ ကျန်တာတော့ သိပ်ပြီး ထူးထူးထွေထွေမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ မွန်ဒေသကလည်း သူရသင့်တဲ့ ၂၀၁၅ မဲ အရေအတွက်လောက်ပဲ သူက ပြန်ရ တာကိုး၊ အဲ့ဒါကြောင့် သိပ်ပြီးတော့ ထူးဆန်းတယ်လို့ ကျနော်တော့ မမြင်ပါဘူး၊