မိုးညှင်းပြည်ခိုင်ဖြိုး ပါတီဝင်စီစစ်ရေးနှင့် ပါတီကေဒါဖွဲ့စည်းရေးကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မိုးညှင်းခရိုင် အရံကော်မတီဝင် ဦးဖုန်းမြင့်၊ မြို့နယ်အတွင်းရေးမှူး ဦးဌေးဝင်း၊ မြို့နယ်ကော်မတီဝင် ဒေါ်သန္တာဝင်းမောင်၊ မြို့နယ်အရံကော်မတီဝင် ဦးမြဝင်း၊ ဒေါ်ဝါဝါဆွေ တို့သည် တကွင်းကျေးရွာအုပ်စု၊ သဲဂုဏ်ကျေးရွာ စည်းမှူး၊ တွဲစည်းမှူးတို့နှင့်အတူ ယနေ့ (ဒီဇင်ဘာ ၂ ရက်) သဲဂုဏ်ကျေးရွာသို့ ကွင်းဆင်း၍ သဲဂုဏ်ကျေးရွာ ဦးမောင်နိုင်းနေအိမ်၌ ပါတီဝင်စီစစ်ရေးနှင့် ပါတီကေဒါဖွဲ့စည်းရေး ဆောင်ရွက်ခဲ့ကြသည်။

အလားတူ မိုးညင်းခရိုင် အရံကော်မတီဝင် ဦးဖုန်းမြင့်၊ မြို့နယ်အတွင်းရေးမှူး ဦးဌေးဝင်း၊ မြို့နယ်ကော်မတီဝင် ဒေါ်သန္တာဝင်းမောင်၊ မြို့နယ်အရံကော်မတီဝင် ဦးမြဝင်း၊ ဒေါ်ဝါဝါဆွေ၊ မြို့နယ်မီဒီယာနှင့် ပြည်သူ့ဆက်ဆံရေး တာဝန်ခံ (၂) ဦးဇော်မောင်မောင်လတ်၊ လူငယ်ကေဒါ ဦးအောင်ကိုဝင်း၊ ဒေသကော်မတီဝင် ဦးမင်းအောင် နှင့် ဦးစောအေးလွင်တို့သည် ဒီဇင်ဘာ (၁) ရက် နေ့လည် (၁) နာရီအချိန်က ၇ မိုင် ကျေးရွာအုပ်စု ပါတီကော်မတီ ဝင်များ၊ ရပ်မိ/ရပ်ဖ များ၊ ပါတီဝင်များနှင့်တွေ့ဆုံပြီး မိမိပါတီဝင်စီစစ်ခြင်းနှင့် ရပ်ကျေးကေဒါများဖွဲ့စည်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

#Usdp Mohnyin


Leave a Reply