ပြည်ခိုင်ဖြိုးပါတီဌာနချုပ်သို့ အမျိုးသားခေတ်သစ်သင်တန်းကျောင်းမှ သင်တန်းဆရာများနှင့် ကျောင်းသား ကျောင်းသူများ လာရောက်လေ့လာ

မော်လမြိုင်မြို့၌ ဖွင့်လှစ်ထားရှိသော အမျိုးသားခေတ်သစ် သင်တန်းကျောင်း၏ ကျောင်းအုပ်ကြီးအပါအဝင် သင်တန်းဆရာများ၊ သင်တန်းသား သင်တန်းသူများ သည် နိုဝင်ဘာ (၂၃) ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်သို့ လေ့လာရေးလာရောက်ခဲ့ကြသည်။

dr-aung-myat-oo

အဆိုပါ လေ့လာရေးအဖွဲ့ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ် ပြည်ထောင်စုခန်းမ၌ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်များ ဖြစ်ကြသော ဒေါက်တာ အောင်မြတ်ဦး၊ ဦးလှသိန်းတို့က လက်ခံတွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံစဉ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးလှသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒေါက်တာ အောင်မြတ်ဦးမှလည်း ၎င်းအနေဖြင့် ပါတီအတွင်းလူငယ်ရေးရာ တာဝန်ခံဖြစ်သည်နှင့်အညီ လူငယ်များရှေ့ဆက် ရမည့်ခရီးတွင် အမှားအယွင်းများနည်းပါးစွာဖြင့် အောင်မြင်စွာကျော် လွှားနိုင်ရေး အတွေးအမြင်တို့ကို ရှင်းလင်း ပြောကြားခဲ့ပြီး ပါတီဖွဲ့စည်းပုံနှင့် လူငယ်ရေးရာဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။

u-hla-thein

ထို့နောက် ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အကြောင်းအရာ အခြေခံသဘောတရားများကို သိရှိနားလည်စေရန် ရှင်းလင်းပြောကြားခဲ့သည်။

လေ့လာရေးလာရောက်ကြသည့် သင်တန်းသားသင်တန်းသူများမှာ သင်တန်းအမှတ်စဉ် (၆)နှင့် အမှတ်စဉ် (၇)တို့မှ သင်တန်းသားများဖြစ်ကြပြီး သင်တန်းသား ၉၆ ဦးလာရောက်ကြခြင်းဖြစ်သည်။


Leave a Reply