သက်ငယ်မုဒိမ်းမှုများကို ထိရောက်ထိုက်တန်သော ပြစ်ဒဏ်ပေးနိုင်ရေး ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်တွင် ဆောင်ရွက်မည်

ကလေးသက်ငယ် မုဒိမ်းမှုများ ကို ထိရောက်စွာအရေးယူနိုင်ရေးနှင့် ဟန့်တားနိုင်သော ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးကို မေးမြန်းရာတွင် ဗဟိုအတွင်းရေးမှူးက လွှတ်တော်တွင် ကြိုးပမ်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။

”သက်ငယ်မုဒိမ်းမှုတွေက တစ်နေ့ထက်တစ်နေ့များလာတဲ့အခါ ပြည်သူလူထုက တစ်နေ့တခြား စိုးရိမ်လာတယ်။ ထိရောက်ဟန့်တားနိုင်တဲ့ ပြစ်ဒဏ်၊ ပြစ်မှုနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်တွေချမှတ်ဖို့ အမှန်တကယ်ကို လိုအပ်နေတယ်။ ဒါကြောင့် ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ပြည်သူလူထုကိုယ်စား ထိရောက်ဟန့်တားနိုင်တဲ့ ပြစ်ဒဏ်နှင့် ပြစ်မှုနဲ့ထိုက်တန်သော ပြစ်ဒဏ်(ဥပမာ-သေဒဏ်အထိ) ပေးနိုင်ရေးအတွက် လွှတ်တော်မှာ တင်ပြကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ကပြောပါသည်။

ယခုနှစ်ဇန်နဝါရီလမှစက်တင် ဘာလအထိ မုဒိမ်းမှုပေါင်း ၇၁၆ မှုရှိပြီး ယင်းတို့အနက် ၄၁၆ မှု သည် သက်ငယ်မုဒိမ်းမှုများဖြစ်ကြောင်း စစ်တမ်းများတွင်ဖော်ပြ ထားသည်။

သက်ငယ်မုဒိမ်းမှုများနှင့်ပတ် သက်၍ ယခင် အသက် ၁၄ နှစ် အောက်ဟု သတ်မှတ် ထား သော်လည်း ယခုအခါတွင် ၁၆ နှစ် ပြင်ဆင်သတ်မှတ်ထားပြီး မုဒိမ်းပြုကျင့်ခံရသည့် ကလေး ငယ်တစ်ဦးမှာ ဘဝတစ်လျှောက် စိတ်ဓာတ်ပိုင်းဆိုင်ရာထိခိုက်ပြီး အသက်ရှင်လျက်နှင့် သေသည့်ဘဝမျိုး ရောက်ရှိသွာပြီး ကျူးလွန်သူအများစုသည် ကလေးငယ်များ၏ ဆွေမျိုးသား ချင်းနှင့် နီးစပ်သူများဖြစ်ကြောင်း ဖော်ပြထားသည်။

ဖြစ်ပွားခဲ့သော အမှုအများစုတွင် တရားခံများကို အပြစ်ပေးရာ၌ ထောင်ဒဏ် ငါးလ၊ တစ်နှစ်၊ နှစ်နှစ်စသည်ဖြင့် ပြစ်ဒဏ်လျော့ နည်းခြင်း၊ လျော်ကြေးငွေနှင့် အမှု ရုပ်သိမ်းခြင်း၊ တရားခံမှာ အာမခံ ဖြင့်လွတ်မြောက်ခြင်းများရှိနေသေး ကြောင်း သိရသည်။

”သက်ငယ်မုဒိမ်းမှုတွေအတွက် ထိရောက်တဲ့ ပြစ်ဒဏ်ပေးနိုင်မှ ဟန့်တားနိုင်မှာပါ။ ဒီအတွက်ပါတီက ကြိုးပမ်းဆောင်ရွက် တောင်းဆိုပါမယ်” ဟု ဦးပိုက်ထွေးက ပြော ကြားသည်။

ကြည်ပြာ


Leave a Reply