မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွားသင်တန်းဖွင့်

 

မိုးကောင်း စက်တင်ဘာ ၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့် ပွားသင်တန်းအမှတ်စဉ်(၂/၂ဝ၁၈) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပင်းဘောကျေးရွာအုပ်စု ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး၌ ကျင်းပသည်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအား မိတ်ဆက်ကြိုဆိုပွဲနှင့် ရုံးခန်းဖွင့်ပွဲကျင်းပ

 

မြစ်ကြီးနား စက်တင်ဘာ ၎

၂ဝ၁၈ခုနှစ်နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ကချင်ပြည် နယ်မဲဆန္ဒနယ်အမှတ်(၂)အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင် မည့်ဦးဆီဟူးဒွေ့အား မိတ်ဆက်ကြိုဆိုပွဲနှင့် ရုံးခန်း ဖွင့်ပွဲကိုယမန်နေ့မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ရှိ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံး၌ ကျင်းပခဲ့သည်။

မြစ်ကြီးနားပြည်ခိုင်ဖြိုးပါတီမှ အေးမြသာယာနယ်မြေရှိ ဓမ္မစကူးလ်ကျောင်းမှကျောင်းသားကျောင်းသူများအား အာဟာရဒါနပြုလုပ်

 

မြစ်ကြီးနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမိသားစုက မြို့သစ်ကြီးရပ်ကွက် အေးမြသာယာနယ်မြေရှိ ဓမ္မစကူးလ်ကျောင်းမှကျောင်းသားကျောင်းသူ ၁၅ဝ တို့အား စက်တင်ဘာ ၂ရက် နံနက်ပိုင်းတွင် အာဟာရဒါနအဖြစ် ကြာဆံချက်များ ကျွေးမွေးလှူဒါန်းစဉ်။

ဝင်းအောင်(မိုးကောင်း)


မိုးကောင်းတွင် နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်းဖွင့်

 

မိုးကောင်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ကြီးမှူး၍ နိုင်ငံရေးစီမံ ခန့်ခွဲမှုဆင့်ပွားသင်တန်းအမှတ် စဉ်(၁/၂ဝဝ၈)ဖွင့်ပွဲကို သြဂုတ် ၂၉ ရက် နံနက် ၈ နာရီခွဲက မြို့နယ်ပါတီရုံး၌ ကျင်းပရာ မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်က သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားစဉ်။

ဝင်းအောင်(မိုးကောင်း)

ကျေးရွာအုပ်စုပြည်ခိုင်ဖြိုးပါတီကော်မတီဥက္ကဋ္ဌအား ကျန်းမာရေးစောင့်ရှောက်မှုထောက်ပံ့ငွေပေးအပ်

 

မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်း အောင်နှင့် ကော်မတီဝင်များ သြဂုတ် ၃ဝ ရက် မွန်းလွဲ ၂ နာရီက ကျန်းမာရေးချို့ယွင်းနေသည့် ကညင်မြိုင်ကျေးရွာအုပ်စုပါတီကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်အား ကျန်းမာရေးစောင့်ရှောက်မှု ထောက်ပံ့ငွေများသွားရောက်ပေးအပ်စဉ်။

ဝင်းအောင်(မိုးကောင်း)


မိုးကောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ သံဃာ့ဒါနဆွမ်းဆန်တော်လောင်းလှူ

 

ကချင်ပြည်နယ် မိုးကောင်းမြို့ နတ်ကြီးကုန်းရပ်ကွက်၌ (၁၇)ကြိမ်မြောက် သံဃာ့ဒါနဆွမ်းဆန်တော် လောင်းလှူပူဇော်ပွဲကို သြဂုတ် ၂၆ ရက်ကကျင်းပရာ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်နှင့် ပါတီဝင်များက ပင့်သံဃာတော်များအား ဆွမ်းဆန်တော်များ လောင်းလှူ ပူဇော်ကြစဉ်။

ဝင်းအောင်(မိုးကောင်း)


မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်လှစ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ

 

မိုးကောင်း သြဂုတ် ၂၇

ပြည်ခိုင်ဖြိုးပါတီ အခမဲ့နယ်လှည့်ဆေးကုသ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်

 

မြစ်ကြီးနား သြဂုတ် ၂၇

ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည် နယ်အရန်ကော်မတီဝင်ဒေါက်တာခင်မောင်ထွန်းဦးဆောင်သော အခမဲ့နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့လယ်ကုန်းရပ်ကွက် အောင်ချမ်းသာကျောင်းတိုက်တွင် ဒေသခံပြည်သူ ၆ဝ တို့အား ကျန်းမာရေးအသိပညာပေးခြင်း၊ စမ်း သပ်စစ်ဆေးကုသခြင်းများအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပါတီအောင်နိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များဆွေးနွေးပွဲကျင်းပ

 

မိုးကောင်း သြဂုတ် ၂၂

ကချင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော် မတီဝင် ဦးဥာဏ်သိန်း၊ အရန်ကော် မတီဝင် ဦးကေဆန်အောန်၊ တနိုင်း မြို့နယ်ပါတီကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ကိုနှင့် ကော်မတီဝင်များ သည် ယမန်နေ့ နံနက်ပိုင်းက တနိုင်းမြို့နယ် မကောကျေးရွာ အုပ်စု လမုန်ကျေးရွာ၌ ပါတီဝင် များ၊ ပါတီလိုလားသူများအား တွေ့ဆုံ၍ ပါတီအောင်နိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

မြန်မာ့ ရိုးရာ” မြန်မာ့သိုင်း”သင်တန်းဖွင့်ပွဲကျင်းပ (မြစ်ကြီးနား)

 

မြစ်ကြီးနားမြို့နယ် ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖြိုးရေးပါတီ မှကြီးမှူး ဖွင့်လှစ် သည့် မြန်မာ့ရိုးရာ”မြန်မာ့ သိုင်း” သင်တန်း ဖွင့်ပွဲ အခမ်းအနားကို (၁၅-၈-၂၀၁၈)ရက်နေ့ ၊နံနက်(၉)နာရီက ကချင်ပြည်နယ်ပြည်ခိုင်ဖြိုး ပါတီ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။