ပြည်နယ်ပါတီအတွင်းရေးမှူး ဗန်းမော်မြို့နယ် ပါတီကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးတက်ရောက်အားပေး

 

ဗန်းမော် ဇန်နဝါရီ ၁၆

ကချင်ပြည်နယ် ဗန်းမော်မြို့ နယ် ပါတီကြားဖြတ်ရွေးချယ်ဖွဲ့ စည်းရေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပါတီရုံး၌ ကျင်းပ ခဲ့ရာ ပြည်နယ်ပါတီ ကော်မတီ အတွင်းရေးမှူးဦးစိုးသိန်း၊ပြည်နယ် ပါတီကော်မတီဝင်ဦးဝင်းမောင်သိန်း၊ ခရိုင်ပါတီဥက္ကဋ္ဌဦးသန်းဇော်လေး၊ အတွင်းရေးမှူးဒေါ်ဝိုင်း၊ မြို့နယ် ပါတီနာယကများ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးသက်ဝင်း၊အတွင်းရေးမှူး ဦးစောမိုးကျော်နှင့်ပါတီကော်မတီ ဝင်များ၊ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့် ပါတီဝင်များစုစုပေါင်း ၇၅ ဦး တက်ရောက်ခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီရုံးသစ်ဖွင့်ပွဲနှင့် ထူးချွန်ကျောင်းသားများ ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

 

ရှင်ဘွေယန် ဇန်နဝါရီ ၁၅

ကချင်ပြည်နယ် တနိုင်းဒေသ ရှင်ဘွေယန်မြို့ ပြည်ခိုင်ဖြိုးပါတီရုံးသစ် ဖွင့်ပွဲအခမ်းအနားနှင့် ၂ဝ၁၇-၂ဝ၁၈ပညာသင်နှစ်တွင် ထူးချွန်စွာအောင် မြင်ခဲ့သည့်ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပွဲအခမ်း အနားကို ယမန်နေ့ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်ကော်မတီဝင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ မြို့နယ်ကော်မတီဝင်များ၊ ဖိတ်ကြားထားသူ ၂၅၃ ဦးတက်ရောက်ခဲ့ပြီး နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်းသိရသည်။

မြစ်ကြီးနားမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မီးဘေးသင့်မိသားစုအား ဆန် ဆီ ဆား ထောက်ပံ့

 

မြစ်ကြီးနား ဇန်နဝါရီ ၁၃

မြစ်ကြီးနားမြို့နယ် ပြည်ခိုင် ဖြိုးပါတီမှ ယမန်နေ့နံနက် ၁ဝ နာရီ တွင် မီးဘေးသင့်မိသားစုထံ အိမ် အရောက် ဆန်၊ ဆီ၊ ဆား ထောက် ပံ့ပေးခဲ့ကြောင်း သိရသည်။

လုံးခင်း အခြေခံပညာအထက်တန်းကျောင်း ပထမအကြိမ်အာစရိယပူဇော်ပွဲသို့ ဖားကန့်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌအလှူငွေလှူဒါန်း

 

ဖားကန့် ဒီဇင်ဘာ ၂၇

ဖားကန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအင်ဖရောင်းဂမ် သည် ယနေ့နံနက် ၉ နာရီတွင် လုံးခင်း အခြေခံပညာအထက်တန်းကျောင်း ပထမ အကြိမ်အာစရိယပူဇော်ပွဲသို့တက်ရောက်ကာ ငွေကျပ်တစ်သိန်း လှူဒါန်းခဲ့သည်။

အဆိုပါအာစရိယပူဇော်ပွဲသို့ ဖားကန့် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအင်ဖ ရောင်းဂမ်နှင့်အတူ မြို့နယ်ပါတီအတွင်းရေး မှူးဦးထွန်းမြင့်၊ မြို့နယ်ကော်မတီဝင်(လူငယ် တာဝန်ခံ)ဦးလွမ်းဝေ၊ လုံးခင်းအုပ်စုပါတီ ဥက္ကဋ္ဌ ဦးဇော်ပိုင်၊ နမ့်မဖြစ်အုပ်စုပါတီဥက္ကဋ္ဌ ဦးထွန်းလင်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

မြစ်ကြီးနား ဒီဇင်ဘာ ၁၉

ကချင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီအစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် အပတ်စဉ် ပြည်နယ်ပါတီကော်မတီဝင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြပြီး အစည်းအဝေးသို့ ပါတီဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးရာဝမ်းဂျုံ နှင့် ပြည်နယ်ပါတီကော်မတီဝင်များ၊ ပြည်နယ်အရန်ပါတီကော် မတီဝင်များတက်ရောက်ခဲ့ကြကာ ဗဟိုဥက္ကဋ္ဌကြီးနှင့် တိုင်းဒေသ ကြီး/ပြည်နယ်ပါတီ ဥက္ကဋ္ဌ၊ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး (CEC)ကညွှန်ကြားခဲ့သောအချက်များနှင့် ရေးရာဌာနများအလိုက် ဆောင်ရွက်ခဲ့ကြမှုများ ဆွေးနွေးသုံးသပ်ခဲ့ကြသည်။

ဗဟိုအမျိုးသမီး​ညီလာခံအကြိုနှီး​နှောဖလှယ်​ပွဲ (ကချင်​ပြည်​နယ်​) ကျင်းပခြင်း

မြစ်​ကြီးနား၊ ဒီဇင်​ဘာ ၇

ယ​နေ့ (၇-၁၂-၂၀၁၈) ရက်​​နေ့ နံနက်​ ၀၉း၀၀ နာရ်ီအချိန်မှ ၁၀း၀၀ နာရီအချိန်​တွင်​ ကချင်​ပြည်​နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ပြည်​နယ်​ပါတီရုံး အစည်းအ​ဝေးခန်းမကြီး၌ ဗဟိုအမျိုးသမီး​ညီလာခံအကြိုနှီး​နှောဖလှယ်​ပွဲကို နိုင်​ငံ​တော်​အလံအ​လေးပြုခြင်း၊ နိုင်​ငံ​တော်​သီချင်း၊ ဂုဏ်​ပြုသီချင်းဖြစ်​​သော “ပိုမို​တောက်​ပ​သောအနာဂတ်​ဆီ” သီချင်းကိုသီဆို၍ ပထမပိုင်း အခမ်းအနားအစီအစဉ်​ကို စတင်​ခဲ့သည်။

မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ် (၁/၂၀၁၈) ဖွင့်ပွဲကျင်းပ

မိုးကောင်း ဒီဇင်ဘာ ၃

မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူး၍ အသက်မွေးဝမ်းကျောင်း အထောက် အကူပြုအဆင့်မြင့် စက်ချုပ်သင်တန်းအမှတ်စဉ် (၁/၂ဝ၁၈) ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်က အမှာစကားပြောကြားပြီး မြို့နယ်ပါတီကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နန်းကြည်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ပါတီဗဟိုအမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

 

မြစ်ကြီးနား၊ နိုဝင်ဘာ ၁၄

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဦးစီး၍ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညွန့်ဝင်းနှင့် ကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာပါတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပါတီဝင်များ စုစုပေါင်းအင်အား ၁၂ဝ တို့သည် ယမန်နေ့နံနက် ၇ နာရီမှ ၁ဝနာရီအထိ မြစ်ကြီးနားမြို့ယုဇနရပ်ကွက်သမိဒ္ဓေါဒယသီလရှင်ကျောင်းတိုက်၌ အမှိုက်ကောက်ယူခြင်း၊ မြက်ပင်များ ရှင်းလင်းခြင်းဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်အားပေး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ လုပ်အားပေးပွဲသို့ ပြည်နယ်ပါတီကော်မတီဝင် ဦးတင်မောင်ဝင်း၊ ဦးသိန်းထွန်းအေး၊ မြစ်ကြီးနားခရိုင် ပါတီကော်မတီဝင် (ဘဏ္ဍာရေးမှူး) ဦးလူးကပ်တို့ လာရောက်၍ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကျွန်းတောရပ်ကွက်အုပ်ချုပ်ရေးမှူးဖလားဗိုလ်လုပွဲ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တက်ရောက်အားပေး

 

မိုးကောင်း နိုဝင်ဘာ ၁၂

ကချင်ပြည်နယ် မိုးကောင်းမြို့ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေး မှူး ဖလားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းခွဲအားကစား ကွင်း၌ကျင်းပရာ ကျွန်းတောရပ် ကွက်(က)အသင်းက ဆားမှော် ကျေးရွာအုပ်စု အသင်းကို သုံးဂိုး- နှစ်ဂိုးဖြင့်အနိုင်ရဗိုလ်စွဲသွားသည်။

ခလုံးကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင် မီးဘေးသင့်သူကို ထောက်ပံ့ငွေပေးအပ်

 

တနိုင်း နိုဝင်ဘာ ၇

ကချင်ပြည်နယ် တနိုင်းမြို့နယ် ခလုံးကျေးရွာတွင် ပြည်ခိုင်ဖြိုး ပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနား ကို ယမန်နေ့ နံနက် ၁ဝနာရီက ခလုံး ကျေးရွာပါတီဥက္ကဋ္ဌ ဦးရူဝါးအိမ်၌ ကျင်းပခဲ့ရာ ဆိုင်းဘုတ်တင်ပွဲသို့ မြို့နယ်ပါတီဥက္ကဋ္ဌဦးမြင့်ကို၊ စီမံ ရေးရာ တာဝန်ခံဦးလဂျာဟ၊ နိုင်ငံခြားနှင့်တိုင်းရင်းသားရေးရာ တာဝန်ခံဦးဘစိန်၊ ကျေးရွာ ဥက္ကဋ္ဌ ဦးရူဝါးနှင့်ကော်မတီဝင်များတက် ရောက်ခဲ့ကြသည်။