မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ် (၁/၂၀၁၈) ဖွင့်ပွဲကျင်းပ

မိုးကောင်း ဒီဇင်ဘာ ၃

မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူး၍ အသက်မွေးဝမ်းကျောင်း အထောက် အကူပြုအဆင့်မြင့် စက်ချုပ်သင်တန်းအမှတ်စဉ် (၁/၂ဝ၁၈) ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်က အမှာစကားပြောကြားပြီး မြို့နယ်ပါတီကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နန်းကြည်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

သင်တန်းသို့ သင်တန်းသူ ၂ဝ တက်ရောက်ကြပြီး သင်တန်းနည်းပြဆရာမ ဒေါ်ခင်သဲစုက အဆင့်မြင့်စက်ချုပ် ပညာရပ်များကို သင်တန်းကာလတစ်လကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်က” ကျွန်တော်တို့ မြို့နယ်ပါတီအနေနဲ့ ယခုနှစ်အတွင်း အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း နှစ်ကြိမ်၊ အိမ်တွင်းမှုလက်မှုပညာ သင်တန်းတစ်ကြိမ် ဖွင့်လှစ် ပေးခဲ့ပါတယ်။ အခြေခံစက်ချုပ်သင်တန်း တက်ရောက်ပြီး တဲ့သင်တန်းသူတွေအတွက် အဆင့်မြင့် စက်ချုပ်သင်တန်းကို ထပ်မံစီစဉ်ဖွင့်လှစ်ပေးရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

ဝင်းအောင်(မိုးကောင်း)