ပါတီဗဟိုအမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

 

မြစ်ကြီးနား၊ နိုဝင်ဘာ ၁၄

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဦးစီး၍ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညွန့်ဝင်းနှင့် ကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာပါတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပါတီဝင်များ စုစုပေါင်းအင်အား ၁၂ဝ တို့သည် ယမန်နေ့နံနက် ၇ နာရီမှ ၁ဝနာရီအထိ မြစ်ကြီးနားမြို့ယုဇနရပ်ကွက်သမိဒ္ဓေါဒယသီလရှင်ကျောင်းတိုက်၌ အမှိုက်ကောက်ယူခြင်း၊ မြက်ပင်များ ရှင်းလင်းခြင်းဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်အားပေး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ လုပ်အားပေးပွဲသို့ ပြည်နယ်ပါတီကော်မတီဝင် ဦးတင်မောင်ဝင်း၊ ဦးသိန်းထွန်းအေး၊ မြစ်ကြီးနားခရိုင် ပါတီကော်မတီဝင် (ဘဏ္ဍာရေးမှူး) ဦးလူးကပ်တို့ လာရောက်၍ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဆီမီးခုံနန်းရီ