ကနီမြို့နယ်ဆေးရုံ၌ဆေးကုသမှုခံယူနေသည့် မြို့နယ်ပါတီကော်မတီဝင်၏ဇနီးအား ထောက်ပံ့ငွေများပေးအပ်

 

ကနီ ဖေဖော်ဝါရီ ၎

စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင် ကနီမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဝင်များသည် ယမန်နေ့က မြို့နယ် ပြည်သူ့ဆေးရုံ၌ ယင်းယိမ်ကျေးရွာ မှဆေးကုသမှုခံယူနေသော မြို့နယ် ပါတီကော်မတီဝင်၏ ဇနီးထံသို့ သွားရောက်၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

ဆေးကုသမှုခံယူနေသော မြို့ နယ်ပါတီကော်မတီဝင် လူငယ် ရေးရာတာဝန်ခံ ဦးထွန်းဝေ၏ ဇနီး ထံသို့ ကနီမြို့နယ် ပါတီနာယက ဦးရှိန်၊ ဥက္ကဋ္ဌဦးကျန်ထွန်း၊ အတွင်း ရေးမှူး (အမျိုးသမီးရေးရာတာဝန် ခံ)ဒေါ်မာမာဦး၊မြို့နယ်ပါတီ ကော် မတီဝင်များနှင့် ဦးစီးရုံးဝန်ထမ်း များသွားရောက်၍ အားပေးစကား များပြောကြားခဲ့ပြီးထောက်ပံ့ငွေ များ ပေးအပ်ခဲ့သည်။

အောင်မျိုးထွန်း