ရွှေရတနာကျောင်းဆောင်သစ် ပေးအပ်လှူဒါန်းခြင်းနှင့် ဖွင့်ပွဲကျင်းပ

 

ရန်ကုန် ဖေဖော်ဝါရီ ၎

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် သုခိတာရာမပရိ ယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ဘဒ္ဒန္တမာဃိန္ဒ ဆောက် လုပ်လှူဒါန်းသော ရွှေရတနာကျောင်းဆောင်သစ် ပေးအပ်လှူဒါန်း ခြင်းနှင့် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက သံတွဲမြို့ နယ် ရွှေကျောင်းပြင်ကျေးရွာတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ခရိုင်ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဦးသန်းစိုး၊ အရန်ကော်မတီဝင် ဒေါ်ခင်မူ၊ မြို့နယ်ဥက္ကဋ္ဌဦးစန်းနိုင်၊ အမျိုးသမီး ရေးရာနှင့်လူငယ်ပါတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။