ငါန်းဇွန်မြို့နယ်ပန်းကျေးရွာပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်မင်္ဂလာအခမ်းအနားကျင်းပ

 

ငါန်းဇွန် သြဂုတ် ၂၃

ငါန်းဇွန်မြို့နယ် ပန်းကျေးရွာ ဦးဖြူဖွေး၏နေအိမ်နှင့် သူနတ်စစ် ကျေးရွာတို့တွင် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျေးရွာ ပါတီဆိုင်းဘုတ်တင်မင်္ဂလာအခမ်း အနားများကို ယမန်နေ့က ကျင်းပ ခဲ့သည်။

အခမ်းအနားများတွင် မြင်းခြံ ခရိုင်နယ်မြေတာဝန်ခံ မန္တလေး တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမြတ်သူဦးဆောင်သောအဖွဲ့က မင်္ဂလာအချိန်ကျရောက်သောအခါ ပါတီဆိုင်းဘုတ်ကို အမွှေးနံ့သာ ရည်များပက်ဖျန်း၍ ဆိုင်းဘုတ်တင် မင်္ဂလာအခမ်းအနားကျင်းပ၍မင်္ဂလာ ရွှေမိုးငွေမိုးရွာသွန်းဖြိုးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီ တိုင်းဒေသကြီးပါတီ ကော်မတီဝင်ဦးမြတ်သူ၊ မြင်းခြံ ခရိုင် ပြည်ခိုင်ဖြိုးပါတီခရိုင်ဥက္ကဋ္ဌ ဦးကျော်တင်နှင့်ခရိုင်ကော်မတီဝင် များ၊ ငါန်းဇွန်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကိုကိုနှင့် မြို့နယ်ပါတီကော်မတီ ဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ နှင့်ပါတီဝင်များအပါအဝင် စုစု ပေါင်းအင်အား ၇ဝ ခန့် တက် ရောက်ခဲ့ကြောင်း သိရသည်။

သုတ(မန္တလေး)