ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌနှင့် ဗဟိုကော်မတီဝင်တို့ ကျိုက်ထိုမြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ ကျေးစည်းမှူးများအား တွေ့ဆုံလမ်းညွှန်မှာကြား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်မှုဆောင် မွန်ပြည်နယ် ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း၊ ဗဟိုကော်မတီဝင် ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးဝင်မော်ဦးတို့သည် စက်တင်ဘာ (၁၂) ရက် နေ့လည် (၁၁) နာရီအချိန်က ကျိုက်ထိုမြို့နယ်ပါတီရုံး အစည်းဝေးခန်းမ၌ ကျိုက်ထိုမြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေး စည်းမှူးများနှင့် တွေ့ဆုံခဲ့သည်။

14330159_1664921443820370_2506417981895085710_n

အဆိုပါတွေ့ဆုံပွဲတွင် ပြည်နယ်ပါတီဥက္ကဌ ဦးအောင်ကြည်သိန်းမှ ဗဟိုဌာနချုပ် ၏ လမ်းညွန်ချက်များနှင့် မိမိပါတီ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များကို ပြောကြားခဲ့ပြီး တက်ရောက်လာကြသော မြို့နယ်ပါတီကော် မတီဝင် များနှင့် ရပ်/ကျေးစည်းမှူးများမှ သိရှိလိုသည်များကိုမေးမြန်ရာ ပြည်နယ်ပါတီဥက္ကဌမှ ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။

အခမ်းအနားသို့ ပြည်နယ်ပါတီဥက္ကဌ၊ ပြည်နယ်ပါတီအတွင်းရေးမှူး၊ သထုံခရိုင် ပါတီဥက္ကဌ ဦးကျော်မြင့်၊ ခရိုင်ပါတီ အတွင်းရေးမှူး ဦးစောဥာဏ်ဝင်း၊ မော်လမြိုင်ခရိုင်ပါတီဥက္ကဌ ဦးစိုးထွန်းနှင့် ခရိုင်ပါတီအတွင်းရေးမှူး၊ ခရိုင် ပါတီ ကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့နယ် အရန်ပါတီကော်မတီ ဝင်များ၊ ရပ်/ကျေးစည်းမှူးများ စုစုပေါင်း အင်အား (၈၅) ဦး တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ မွန်ပြည်နယ်


Leave a Reply