ဘုတလင်​ မြို့ ​နယ်​ ငပယင်း​ကျေးရွာ ​ရေ​နွေးကြမ်းစကားဝိုင်းနှင့်​ ပြည်​ခိုင်​ဖြိုး ပါတီ ဆိုင်းဘုတ်​တင်

 

ဘုတလင်​ ။ ၇.၂.၂၀၁၉။

စစ်​ကိုင်းတိုင်း ​ဒေသကြီး မုံရွာ ခရိုင်​ ဘုတလင်​ မြို့ ​​​​​နယ်​ ငပယင်း​ကျေးရွာအုပ်​စု ငပယင်း​ကျေးရွာ မင်းကြီးရပ်​ကွက်​ ​ဦး​​မြင့်​ဌေး​၏ ​နေအိမ်​ခြံဝင်းအတွင်းတွင်​ ယ​နေ့နံနက်​ (၉:၀၀) နာရီတွင်​ ပြည်​ခိုင်​ဖြိုး ပါတီ ဆိုင်းဘုတ်​ တင်​ပွဲ အခမ်းအနားနှင့် ရေ​နွေးကြမ်းစကားဝိုင်း ပြုလုပ်​ခဲ့ပါသည်​။

ဆက်​လက်​၍ ငပယင်း​ကျေးရွာ ပါတီ ဥက္ကဌ ဦးကြည်​​အောင်​မှ မိတ်​ဆက်​စကား​ပြောကြားပြီး မုံရွာ ခရိုင်​ ပါတီဝင်​ ဦးစိန်​ဝင်းလှိုင်​ မှပြည်​ခိုင်​ဖြိုးပါတီ၏ အဓိက ထား​ဆောင်​ရွက်​သွားမည့် ကဏ္ဍကြီး ရှစ်​ချက်​ကို ရှင်းလင်း​ပြောကြားပြီး လက်​ရှိဖြစ်​​ပေါ်​နေ​သောဥပ​ဒေ ကိစ္စရပ်​များနှင့စပ်​လျဉ်း၍မိမိတို့ပါတီမှ​ဆောင်​ရွက်​သွားမည့်​သ​ဘောထားများ၊ပါတီ၏ ရည်​ရွယ်​ချက်​၊ရည်​မှန်းချက်​နှင့် ရှေ့လုပ်​ငန်းစဉ်​များကိုရှင်းလင်း​ပြောကြားခဲ့သည်​။ မြို့နယ်​ ပါတီ ဥက္ကဌ ဦးဝင်းလှိုင်​ မှယ​နေ့ ဖြစ်​​ပေါ်​နေ​သောအမျိုးသား​ရေးအ​ခြေအ​နေများကိုထပ်​ဆင့် ရှင်းလင်း​ပြောကြားခဲ့ပြီးပြည်​ခိုင်​ဖြိုး အိတ်​​ဆောင်​ ပြက္ခဒိန်​ များ​ပေး​ဝေကာ နံနက်​( ၁၀)နာရီတွင်​ ပြီစီးခဲ့ပါသည်​။

အဆိုပါ အခမ်းအနားသို့ မုံရွာခရိုင်​ ပါတီ​ကော်​မတီဝင်​ ဦးစိန်​ဝင်းလှိုင်​ ၊ဘုတလင်​ မြို့နယ်​ ပြည်​ခိုင်​ဖြိုး ပါတီ ဥက္ကဌ ဦးဝင်းလှိုင်​၊ အတွင်း​ရေးမှူး ဦးသက်​နိုင်​ဦး ၊အမျိုးသမီး​ရေးရာတာဝန်​ခံ ​ဒေါ်ခိုင်​ငြိမ်းသူ၊မြို့နယ်​မီဒီယာတာဝန်​ခံဦး​ဇော်​​ထွေးနှင့် မြို့နယ်​ကော်​မတီဝင်​များ၊​ကျေးရွာ ပြည်​ခိုင်​ဖြိုးပါတီဝင်​(၁၀၀) ​ကျော်​တက်​ရောက်​ခဲ့​ကြောင်း သိရပါသည်​။

ရွှေကျီစု ဘုတလင်