ရှမ်းရှေ့ ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်များနှင့် ကွင်းဆင်းတွေ့ဆုံခြင်း

 

ယမန်နေ့ (၄-၂-၂၀၁၉ )ရက်နေ့ တွင်ရှမ်းပြည်နယ် (အရှေ့ပိုင်း)ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တာချီလိတ် ခရိုင်ပါတီ ဥက္ကဌ ဦးဘိုစံ ၊မြို့နယ်ပါတီဥက္ကဌ ဦးစိုင်းရွှေထွန်း တို့သည် မြို့နယ်ကော်မတီဝင်များဖြစ်သည့် ဦးအောင်ထန်(တာလေမြို့နယ်စည်းရုံးရေးတာဝန်ခံ)ဦးစိုးကျော်အောင်၊ ဦးအောင်နိုင် နှင့်ပါတီရုံးဝန်ထမ်းအဖွဲ့များသည် တာလေမြို့နယ်သို့ ကွင်းဆင်းသွားရောက်ပြီး အောင်ပါအတိုင်း ပါတီဝင်များဖြင့် ကွင်းဆင်းတွေ့ဆုံခြင်းများ ဆောင်ရွက်ခဲ့ကြပါသည် ။

ရှေးဦးစွာ တာလေမြို့ရပ်ကွက် (၃) နေ ဦးခင်မောင်လတ် အိမ်သို့ သွားရောက်တွေ့ဆုံ ခဲ့ပါသည်။ ထို့နောက် တာလေမြို့နယ်မှ မိုင် (၃၀) ကျော်ကွာဝေးသော တောင်ပေါ်ရွာများဖြစ်သည့် ဟွေလောအောက်ရွာ (နတ်စားဘာသာရွာ) ပါတီခေါင်းဆောင် ဦးအားန အိမ်တွင် ပါတီဝင်အိမ်ထောင်ဦးစီး (၂၀) ဦးဖြင့် တွေ့ဆုံခဲ့ကြပါသည်။

ဆက်လက်ပြီး ဟွေလာ(အပေါ်ရွာ ၊ခရစ်ယာန်နှစ်ခြင်း) ဆရာတော် ဦးအိုက်ဆန်း ဖိတ်ကြားချက်အရ ဆရာတော်အိမ်သို့ ဆက်လက်သွားရောက်ခဲ့ပြီး ညနေ (၁၅း၃၀) အချိန်တွင် ဟွေလောရွာမှ ပြန်လည်ထွက်ခွာလာပြီး အပြန်လမ်းရှိ ခမ်းရှဲန် ကျေးရွာသို့ ဆက်လက်ဝင်ရောက်ပြီး ပါတီခေါင်းဆောင် ဦးယားဂျို အိမ်တွင် ပါတီဝင် အိမ်ထောင်ဦးစီး (၁၅) ဦးဖြင့်တွေ့ဆုံခြင်းများ ဆောင်ရွက် ခဲ့ကြပါသည်။

ပါတီအဖွဲ့များဖြင့် တွေ့ဆုံရာတွင် ပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံအခြေအနေ၊လက်ရှိဆောင်ရွက်နေမှု့အခြေအနေ ရှေ့ဆောင်ရွက်ရမည့် အခြေအနေများအား ခရိုင်ပါတီ၊မြို့နယ်ပါတီဥက္ကဌတို့မှ ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ကော်မတီဝင် ဦးအောင်ထန်မှ လားဟူဘာသာစကားဖြင့် ရှင်းလင်းပြီး လိုအပ်သည်များကို ထည့်သွင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျေးရွာမှ တင်ပြချက်များကို ကွင်းဆင်းအဖွဲ့များ မှပြန်လည်ရှင်းလင်း ခဲ့ကြပါသည်။

ပါတီဝင်ရွာများသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးပုံ ပါရှိသည့် ၂၀၁၉ခုနှစ် ပြက္ခဒိန်နှင့် နှစ်သစ်ကူး လက်ဆောင်များ ပေးအပ်ခြင်းများ ဆောင်ရွက်ပြီး ည (၁၉း၃၀) တွင် တာချီလိတ်သိြု့ ပန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

Myo Thant