တာချီလိတ်ပြည်ခိုင်ဖြိုးပါတီမှ ဘော့လုံးပြိုင်ပွဲ သွားရောက်အားပေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်နှင့် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ ခရိုင်/မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ (ဖလား) လူငယ်ဘော့လုံးပြိုင်ပွဲကို တာလေ မြို့နယ်တွင် အသင်း (၁၂) သင်း ၀င်ရောက်ယှဉ်ပြိုင်ပြီး (၂၇ – ၁၁ – ၂၀၁၇ ) ရက်နေ့မှ စတင်ယှဉ်ပြိုင် ကစားလျှက်ရှိရာ လက်ရှိ (၄) သင်းသာကျန်ရှိ အကြိုဗိုလ်လုပွဲ (ပထမ) ပွဲစဉ်အဖြစ် ဆမ်ကျန်ခမ်းလူငယ် အသင်းနှင့် ရန်ကင်း (၁) လူငယ်အသင်းတို့ (၁၃-၁၂-၂၀၁၇) ရက်နေ့တွင် ယှဉ်ပြိုင်ကစားကြပါသည်။

ယနေ့ပြိုင်ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ွဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းနှင့် ပါတီ အမျိုးသမီးအဖွဲ့များ၊ ခရိုင်ပါတီဥက္ကဌ ဦးဘိုစံ၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုင်းရွှေထွန်းနှင့် ခရိုင်/မြို့နယ် ကော်မတီဝင်များ၊ ပါတီလူငယ်များက သွားရောက်ကြည့်ရှူအားပေးခဲ့သည့်အပြင် ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းမှ မျက်နှာသုတ်ပုဝါများ၊ ခရိုင်/မြို့နယ်ပါတီမှ စပွန်ဆာအအေးများကို အားကစားအသင်းများ နှင့် ကြီးကြပ်ဒိုင်များ၊ လာရောက်အားပေးသည့် မြို့မိ / မြို့ဖများကို လက်ဆောင်ပေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ