(၇၂)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒဂုံ(တောင်)ပြည်ခိုင်ဖြိုးပါတီ လူငယ်ဘောလုံးပြိုင်ပွဲကျင်းပ

 

(၇၂)နှစ်မြောက်တပ်မတော်နေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူငယ်ဘောလုံးပြိုင်ပွဲကို ဒဂုံ (တောင်)ပြည်ခိုင်ဖြိုးပါတီမှကြီးမှူး ၍ ယမန်နေ့ ညနေ ၄ နာရီတွင် (၂၂)ရပ်ကွက် ဘောလုံးအားကစား ကွင်း၌ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေးနှင့် မြို့နယ်ကော် မတီဝင်များ၊ ရပ်ကွက်ပါတီကော် မတီဝင်များနှင့်အားကစားအသင်း ကိုးသင်းမှ အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ် ပါတီလူငယ်ရေးရာတာဝန်ခံဦးဇော် မင်းထွန်းက အဖွင့်အမှာစကားနှင့် စည်းကမ်းချက်များကို ပြောကြားခဲ့ ပြီးမြို့နယ်ပါတီကော်မတီဝင်ဦးဌေး ဝင်းက ဘောလုံးကန်၍ဖွင့်လှစ်ပေး ခဲ့သည်။ဘောလုံးပွဲစဉ်များကိုနေ့စဉ် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး အသင်းကိုးသင်း ပတ်လည်ကစား သွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းဟန်ဝင်း(ဒဂုံတောင်)