မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပြီး ချောင်းရေတိုက်စားမှု ရေကာတာပြုလုပ်ရေးကြည့်ရှု

 

မဘိမ်း၊ နိုဝင်ဘာ ၁၄

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဇော်လွင်သည် ခရိုင်ပါတီကော်မတီဝင် ဦးတိုးမြင့်အောင်၊ ဦးကျော်ကျော်၊ မြို့နယ်ပါတီကော်မတီဝင်ဦးအောင်ကျော်ဦး၊ ရပ်ကျေးပါတီဝင် ဦးဇော်မင်းဦး၊ ဦးတင်ငြိမ်း၊ ဦးမျိုးဝင်းတို့နှင့်အတူ ယမန်နေ့က ဒိုးချောင်းကျေး ရွာဘုန်းတော်ကြီးကျောင်းတိုက်တွင် မြို့နယ်ပါတီကော်မတီဝင် ဦးခင်မောင်ထူးမိသားစုမှ ဆင်ယင်ကျင်းပသည့် ကထိန်ပွဲသို့သွားရောက်ပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား ကထိန်သင်္ကန်း၊ ဉတ်ပဒေသာပင်များအား ဆက်ကပ်လှူဒါန်းခဲ့သည်။
ကထိန်ခင်းရာကျောင်းတိုက်သို့ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်ဦးကောဝိဒနှင့် ပင့်သံဃာ ၁၈ ပါးကြွရောက်ခဲ့ပြီး အလှူ ရှင်များက ကထိန်သင်္ကန်းကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ကျေးရွာပါတီဥက္ကဋ္ဌ၏နေအိမ်တွင် လူမှုရေးအသင်း အဖွဲ့များဖြစ်သော မယ်ခင်အဖွဲ့ အပျို၊ လူပျိုအဖွဲ့များတွေ့ဆုံပြီး ပါတီမှ မယ်ခင်အဖွဲ့အတွက်ကြွေပန်းကန်ပြား အချပ် ၁ဝဝ ကို လှူဒါန်း ခဲ့သည်။
ထို့နောက် ပါတီဝင်အင်အား စိစစ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ ပြီး ရွာအရှေ့ဘက်ချောင်းရေတိုက်စားမှုကို ရေကာတာပြုလုပ်ရေး ကိစ္စများကြည့်ရှုခဲ့ပြီး လိုအပ်ချက်များအား သက်ဆိုင်ရာအစိုးရထံ တင်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်လွင်(မဘိမ်း)