မြစ်ကြီးနားမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မီးဘေးသင့်မိသားစုအား ဆန် ဆီ ဆား ထောက်ပံ့

 

မြစ်ကြီးနား ဇန်နဝါရီ ၁၃

မြစ်ကြီးနားမြို့နယ် ပြည်ခိုင် ဖြိုးပါတီမှ ယမန်နေ့နံနက် ၁ဝ နာရီ တွင် မီးဘေးသင့်မိသားစုထံ အိမ် အရောက် ဆန်၊ ဆီ၊ ဆား ထောက် ပံ့ပေးခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ နန်းကွေ့ကျေး ရွာအုပ်စု နောင်းပုံရွာက ပါတီဝင် မိသားစုဖြစ်သည့် ဦးဂျောမောခေါင် ဟောင်းနှင့် ဒေါ်ဒွဲလိမ်မိသားစု နေအိမ် မီးဘေးသင့်ခဲ့သည့်အတွက်ပြည်ခိုင် ဖြိုးပါတီမှ ဆန်တစ်အိတ်၊ ဆီသုံး ပိဿာ၊ ဆားနှစ်ပိဿာနဲ့ ရှစ်တန်း ကျောင်းသားတစ်ဦးအတွက် လို အပ်သောစာအုပ်တန်ဖိုးအတွက် ငွေကျပ်ငါးသောင်းကို ကူညီမှုပြု ရင်း မိသားစုများကိုအားပေး နှစ် သိမ့်စကားပြောကြားခဲ့ကြောင်း သိ ရသည်။

”ကျွန်တော်တို့ မြို့နယ်ပြည် ခိုင်ဖြိုးပါတီကနေ ဦးဆောင်ပြီး ပါတီဝင်မိသားစုတွေရဲ့ အခက်အခဲ ဖြစ်တဲ့လူမှုကူညီစောင့်ရှောက်မှုတွေ ကိုဆောင်ရွက်ပေးနေပါတယ်။အခု လည်းမီးဘေးသင့်သွားတဲ့ မိသားစု ကို ဆန်၊ဆီ၊ဆားနှင့် ရှစ်တန်း ကျောင်းသားတစ်ဦးအတွက်လိုအပ် သောစာအုပ်များဝယ်ယူဖို့ထောက်ပံ့ ပေးတာပါ”ဟု မြစ်ကြီးနားမြို့ နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့် ဝင်းက ပြောသည်။

အဆိုပါပါတီဝင်မိသားစုသည် မတော်တဆ နေအိမ်မီးလောင်ခဲ့ သဖြင့်သွားရောက်ထောက်ပံ့ခဲ့ခြင်း ဖြစ်ပြီး မြစ်ကြီးနားမြို့နယ် ပြည် ခိုင်ဖြိုးပါတီမှ ပါတီဝင်မိသားစုများ ၏ လူမှုကူညီစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးနေကြောင်း သိရ သည်။

EPN