လုံးခင်း အခြေခံပညာအထက်တန်းကျောင်း ပထမအကြိမ်အာစရိယပူဇော်ပွဲသို့ ဖားကန့်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌအလှူငွေလှူဒါန်း

 

ဖားကန့် ဒီဇင်ဘာ ၂၇

ဖားကန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအင်ဖရောင်းဂမ် သည် ယနေ့နံနက် ၉ နာရီတွင် လုံးခင်း အခြေခံပညာအထက်တန်းကျောင်း ပထမ အကြိမ်အာစရိယပူဇော်ပွဲသို့တက်ရောက်ကာ ငွေကျပ်တစ်သိန်း လှူဒါန်းခဲ့သည်။

အဆိုပါအာစရိယပူဇော်ပွဲသို့ ဖားကန့် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအင်ဖ ရောင်းဂမ်နှင့်အတူ မြို့နယ်ပါတီအတွင်းရေး မှူးဦးထွန်းမြင့်၊ မြို့နယ်ကော်မတီဝင်(လူငယ် တာဝန်ခံ)ဦးလွမ်းဝေ၊ လုံးခင်းအုပ်စုပါတီ ဥက္ကဋ္ဌ ဦးဇော်ပိုင်၊ နမ့်မဖြစ်အုပ်စုပါတီဥက္ကဋ္ဌ ဦးထွန်းလင်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။