ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌမှ လုံးခင်းနှစ်ခြင်းအသင်းတော် သင်းထောက်ဆရာ၏အမှုတော်ဆောင် (၂၅) နှစ်ပြည့် ငွေရတုသဘင် ကျေးဇူးတော် ချီးမွမ်းပွဲသို့ တက်ရောက်

 

ဖားကန့်  မေ ၁၄

ကချုင်​ပြည်​နယ်​၊ မိုးညှင်းခရိုင်​၊ ဖားကန့်​မြို့နယ်​ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးအင်ဖရောင်းဂမ်သည် ခရိုင်ပါတီ ကော်မတီဝင် ဦးစိုင်းသိန်းထွန်း၊ ဦးမရန်ဘရန်ဆိုင်း၊ မြို့နယ်ပါတီ ကော်မတီဝင် (လူငယ်တာဝန်ခံ) ဦးလွမ်းဝေတိုး နှင့်အတူ ယမန်နေ့ နံနက် ၀၉း၄၅မှ ၁၃း၀၀ နာရီအချိန်အထိ ဖားကန့်မြို့နယ် လုံးခင်းနှစ်ခြင်း အသင်းတော်တွင် ပြုလုပ်သည့် သင်းထောက်​ဆရာ ဦးခွမ်ဆိုင်းနော်၏ အမှုတော်ဆောင် (၂၅) နှစ်ပြည့် ငွေရတုသဘင် ​ကျေးဇူးတော် ချီးမွမ်းခြင်း ဆုတောင်းအစည်းအဝေးသို့ တက်ရောက်သည်။ ဆက်လက်ပြီး ရိုးရာမဂွမ်းလစ်အစား ​ငွေကျပ်ငါး​သောင်း (၅၀၀၀၀/-) လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Usdp Kachin State

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဌနှင့် မြို့နယ်ကော်မတီဝင်များ တွေ့ဆုံဆွေးနွေး

 

မိုးကောင်း။ မေ ၁၃

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမြို့နယ် ပါတီရုံးခန်းမ၌ ယမန်နေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် ဥက္ကဌနှင့် မြို့နယ်ကော်မတီဝင်များသည် ရှေ့လုပ်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးလျှက် ရှိပါသည်။

တွေ့ဆုံဆွေးနွေးရာတွင် မိုးကောင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီဥက္ကဌ ဦးထွန်းထွန်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ခံများ နယ်မြေတာဝန်ခံများနှင့် ရှေ့လုပ်ရမည့် လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြ ပါသည်။

ပြည်ခိုင်ဖြိုးပါတီနှင့် မီးသတ်ဦးစီးဌာနမှ လွဲပေါ်ဆော်ဘုရား တောင်ပေါ်သို့ သန့်ရှင်းရေး လုပ်အားဒါန ကုသိုလ်ယူ

 

မိုးကောင်း။ မေ ၇

ကချင်ပြည်နယ် မိုးကောင်းမြို့ လွဲပေါ်ဆော်ဘုရား တောင်ပေါ်တွင် ယမန်နေ့ နံနက် ၇ နာရီအချိန်တွင် မိုးကောင်းမြို့ ပြည်ခိုင်ဖြိုးပါတီးနှင့် မိုးကောင်းမြို့ မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ လုပ်အားဒါန
ကုသိုလ်ယူလျက် ရှိပါသည်။

ဖားကန့်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းဝေးကျင်းပ

 

ဖားကန့် ( မေ- ၆ )

မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပါတ်အစည်းအဝေးကို ယမန်နေ့ နေ့လည် ၁ နာရီတွင် မြို့နယ် ပါတီရုံး၌ ကျင်းပပြုလုပ်သည်။ အစည်းအဝေးသို့ ခရိုင်ပါတီကော်မတီဝင် ဦးစိုင်းသိန်းထွန်းနှင့် မြို့နယ်ပါတီဥက္ကဌ ဦးအင်ဖရောင်းဂမ်တို့က အမှာစကား ပြောကြားပြီး လစဉ်လုပ်ငန်း စီမံချက်များ၂၀၂၀ အောင်နိုင်ရေး ကြိုတင် ပြင်ဆင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တက်ရောက်လာသည့် မြို့နယ်အတွင်းရေးမှူးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ ရပ်ကျေး ဥက္ကဌများ အမာခံပါတီဝင်များက အသီးသီးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ မိုးညှင်းပြည်ခိုင်ဖြိုးပါတီ

မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

မိုးကောင်း မေ ၆

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝနာရီက မိုးကောင်းမြို့ အရှေ့ရပ်ကွက်ရှိ မြို့နယ် ပါတီရုံး၌ ကျင်းပသည်။ အစည်းအဝေးသို့ ပြည်နယ်ပါတီ အရန်ကော်မတီဝင် ဦးစိုးမင်း၊ ခရိုင်ပါတီ အရန်ကော်မတီဝင် ဦးတင်ဌေး၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်နှင့် ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ တက်ရောက် ကြပြီး မြို့နယ်ပါတီ၏ လက်ရှိစည်းရုံး လှုပ်ရှားဆောင်ရွက်မှု အခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။   ဝင်းအောင်(မိုးကောင်း)

ဖားကန့် ပြည်ခိုင်ဖြိုးပါတီ လက်ဖက်ရည်ကြမ်း စကားဝိုင်း ကျင်းပပြုလုပ်

 

ဖားကန့် ဧပြီ ၂၉

မိုးညှင်းခရိုင်ဖားကန့် ပြည်ခိုင်ဖြိုးပါတီလက်ဖက်ရည်ကြမ်းဝိုင်းကိုယနေ့ နံက်၁၀း၃၀နာရီမှ ၁၁း၄၀ထိဖါးကန့် မြို့နယ်နမ္မဖြစ်ကျေးရွာရပ်ကွက်(၂) ဦးထွန်းမြင့်နေအိမ်တွင်ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင်ခရိုင်ပါတီကော်မတီဝင်ဦးစိုင်းသိန်းထွန်း အရံဦးမရန်ဘရန်ဆိုင်း နှင့်မြို့နယ် ဥက္ကဌ ဦးအင်ဖရောင်းဂမ် အတွင်းရေးမှူး ဦးထွန်းမြင့်နှင့် ကော်မတီဝင်များ ရပ်ကျေးအဖွဲ့များ လက်ရှိနိုင်ငံရေးနှင့်မိမိပါတီအကြောင်းသိကောင်းစရာများရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

မိုးညှင်းပြည်ခိုင်ဖြိုးပါတီ


ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင်လူငယ်များ လေ့လာရေးခရီးရောက်ရှိ

 

၂၁-၄-၂၀၁၉ နေပြည်တော်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်မှ လေ့လာရေးအဖွဲ့ ပြည်ခိုင်ဖြိုးပါတီဝင်လူငယ်များသည် ၂၀-၄-၂၀၁၉ ရက်နေ့ ၁၃း၄၅ နာရီအချိန်တွင် မော်တော်ယာဉ်များဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် နေပြည်တော်သို့ ရောက်ရှိပြီး ညအိပ်တည်းခိုရပ်နားခဲ့ပါသည်။

လေ့လာရေးအဖွဲ့သည် ၂၁-၄-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ပြည်ထောင်စုနယ်မြေအတွင်းလေ့လာရေးသွားရောက်ခဲ့ကြပြီး ၉း၃၀ နာရီအချိန်တွင် ပါတီဌာနချုပ်သင်တန်းခန်းမဆောင်သို့ ရောက်ရှိခဲ့သည်။ ပါတီမှ သင်တန်းခန်းမဆောင်တွင် လက်ဖက်ရည်၊ မုန့်တို့ဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

နွေရာသီအင်္ဂလိပ်စာ အခြေခံစကားပြော မြန်မာ့သိုင်းနှင့်ကရာတေးဒိုသင်တန်းဆင်းပွဲများကျင်းပ

 

မြစ်ကြီးနား ဧပြီ ၁ဝ

ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့် လှစ်သည့် နွေရာသီအင်္ဂလိပ်စာ (အခြေခံစကားပြော)မြန်မာ့သိုင်း နှင့်ကရာတေးဒိုသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်၈နာရီက မြစ်ကြီးနား မြို့ယုဇနရပ်ကွက်ရှိအဆိုပါပါတီရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ ကချင်ပြည်နယ်ပါတီဝင် မြစ်ကြီး နားမြို့နယ် တာဝန်ခံဦးတင်မောင် ဝင်းက သင်တန်းဆင်းလမ်းညွှန် အမှာစကားပြောကြားခဲ့သည်။