မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

မိုးကောင်း မေ ၆

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝနာရီက မိုးကောင်းမြို့ အရှေ့ရပ်ကွက်ရှိ မြို့နယ် ပါတီရုံး၌ ကျင်းပသည်။ အစည်းအဝေးသို့ ပြည်နယ်ပါတီ အရန်ကော်မတီဝင် ဦးစိုးမင်း၊ ခရိုင်ပါတီ အရန်ကော်မတီဝင် ဦးတင်ဌေး၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်နှင့် ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ တက်ရောက် ကြပြီး မြို့နယ်ပါတီ၏ လက်ရှိစည်းရုံး လှုပ်ရှားဆောင်ရွက်မှု အခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။   ဝင်းအောင်(မိုးကောင်း)