ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ်များ သင်တန်းဖွင့်

 

ဖားကန့် စက်တင်ဘာ

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ စီမံဦးဆောင်မှုဖြင့် မဲရုံကိုယ်စားလှယ်များ သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ဝါရာဇွပ်ကျေးရွာ၌ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးညွနှ်ကြားချက်များနှင့်အညီ ကန့်သတ်အင်အားဖြင့် ဖွင့်လှစ်ရာ သင်တန်းနည်းပြများအဖြစ် ခရိုင်ပါတီ ကော်မတီဝင် ပြည်သူ့လွတှ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းသိန်းထွန်းနှင့် မြို့နယ်ပါတီဥက္ကဋ္ဌ၊ ပြည်နယ်လွတှ် တော်ကိုယ်စားလှယ်လောင်း ဦးအင်ဖရောင်းဂမ်တို့က တာဝန်ယူ ရှင်းလင်းပို့ချ ပေးခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွ့ံဖြိုးရေးပါတီ ရပ်ကျေးပါတီ ဆိုင်းဘုတ်စိုက်ထူ

 

မိုးညှင်း။စက်တင်ဘာ(၁၈)

မိုးညှင်းမြို့နယ် ရန်ကင်းရပ်ကွက် (၂) လမ်း ‌ေဒါ်ချိုပြုံးနေအိမ်၌ ယနေ့မနက် ၉ နာရီအချိန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်အခမ်းနားကို ကျင်းပပြုလုပ်ခဲ့ရာ မိုးညှင်း (၇) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိန်ဝင်းထွန်း မိုးညှင်း (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုးဝင်း မြို့နယ် ကော်မတီဝင် ဦးခိုင်ဇော်ထွန်း ဦးစံကျော် ဦးဇော်ဝင်း ဒေါ်ဇာဇာလင်း လူငယ်ဒုတာဝန်ခံမစိုးဟေမာ မဝေဝေအောင် တို့နှင့်ရပ်ကျေးကော်မတီဝင် (၃၀) ဦးတို့‌ တက်ရောက်ခဲ့ကြသည်။

မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းဖွင့်

 

မိုးကောင်း စက်တင်ဘာ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူး၍ မဲရုံကိုယ်စားလှယ် များနှင့် မဲရုံအကူ ကိုယ်စားလှယ်များအတွက် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်း အမှတ်စဉ် (၁/၂ဝ၂ဝ) ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက မိုးကောင်းမြို့ အရှေ့ရပ်ကွက်ရှိ မြို့နယ်ပါတီရုံး၌ကျင်းပရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင် တက်ရောက် အမှာစကားပြောကြားသည်။

ဗန်းမော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောင်နိုင်ရေးဆိုင်းဘုတ် စိုက်ထူပွဲကျင်းပ

 

ဗန်းမော် စက်တင်ဘာ

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်စားလှယ်လောင်းများ အောင်နိုင်ရေး ဆိုင်းဘုတ်စိုက်ထူ ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

နံနက် ၈ နာရီတွင် သာစည် ရပ်ကွက် ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပခဲ့ရာ မင်္ဂလာအခါပေးသူ ဦးလေးမောင်က နံနက် ၈ နာရီ ၁ဝ မိနစ်တွင် လွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ ဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြသည်။

မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာတာဝန်ခံနှင့်အဖွဲ့ ကျောင်းထိုင်ဆရာတော်များအား ဖူးမြော်

 

မိုးကောင်း စက်တင်ဘာ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီဝင် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်နန်းကြည်၊ တွဲဖက်တာဝန်ခံ ဒေါ်လီလီဆွေနှင့်အဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် မိုးကောင်း မြို့ပေါ်ရှိ ကျောင်းတိုက်အချို့မှ ကျောင်းထိုင်ဆရာတော်များအား သွားရောက်ဖူးမြော် ကြည်ညိုကြပြီး ဝါဆို သင်္ကန်း၊ နဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ဝင်းအောင်(မိုးကောင်း)

ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး စားသောက်ကုန်ရိက္ခာ ငါးမျိုးထောက်ပံ့

 

မြစ်ကြီးနား စက်တင်ဘာ

ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးစိုးသိန်းသည် ယမန်နေ့ မွန်းလွဲ ၃ နာရီက ကချင်ပြည်နယ်ပါတီ ရုံးဝင်းအတွင်း၌ ပြည်နယ်ပါတီရုံး ဦးစီးအဖွဲ့ဝင်များကို စားသောက်ကုန် ရိက္ခာငါးမျိုး ဖြစ်သော ဆန်၊ ဆီ၊ ကုလားပဲ၊ ကြက်ဥနှင့် ကြက်သွန်နီများ ထောက်ပံ့ပေးအပ်ခဲ့ရာ ပြည်နယ်ပါတီရုံး ဦးစီးအဖွဲ့ဝင် များက အသီးသီးလက်ခံရယူ ခဲ့ကြောင်း သိရသည်။

ဟိုပင်ပြည်ခိုင်ဖြိုးပါတီမှ ရွာသစ်ကြီးကျေးရွာတွင် Covid 19 အသိပညာပေးခြင်းနှင့် Mask များဝေငှ

 

ဟိုပင် ။စက်တင်ဘာ(၄)

စက်တင်ဘာ (၄) ရက်နေ့ မနက် ၆ နာရီ အချိန်တွင် ကချင်ပြည်နယ် မိုညှင်းခရိုင် မိုးညှင်းမြို့နယ် ဟိုပင်မြို့ ရွာသစ်ကြီးကျေးရွာ ကျေးရွာ စျေး အတွင်းနှင့် လမ်းမကြီးဘေး တွင် Covid 19 အသိပညာပေးခြင်းနှင့်Maskများ ပေးဝေခြင်း ပြုလုပ် ခဲ့ကြသည်။

မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီနာယကသည် ဆရာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

 

မိုးကောင်း စက်တင်ဘာ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီနာယက ဦးကျော်မြင့်သည် မြို့နယ် အရန်ပါတီ ကော်မတီဝင်လူငယ်ရေးရာနှင့် နယ်မြေ (၃) တွဲ ဖက်တာဝန်ခံ ဦးသန်းစိုးလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက လွဲလော၊လွဲဆွန်းနှင့် မန်ပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်တို့မှ ကျောင်းထိုင်ဆရာတော် များအား သွားရောက်ဖူး မြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူ ဒါန်းခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကြာအင်းကျေးရွာအုပ်စု အလကကျောင်းခွဲသို့ အမှိုက်ပုံးနှင့် နှာခေါင်းစည်းများ လှူဒါန်း

 

မိုးကောင်း သြဂုတ် ၂၇

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင်နယ်မြေ တွဲဖက် တာဝန်ခံ ဦးသန်းစိုးသည် ကြာအင်းကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌ ဦးမြင့်ဖေ လိုက်ပါလျက် ယမန်နေ့ မွန်းလွဲ ၂နာရီက ကြာအင်းကျေးရွာအုပ်စု အခြေခံပညာ အလယ်တန်းကျောင်းခွဲသို့ သွားရောက်၍ အမှိုက်ပုံးနှစ်ပုံးနှင့် နှာခေါင်းစည်း ၁ဝဝ တို့ကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇာနည်ရှိန်က လက်ခံပြီး ကျေးဇူးတင်စကား ပြောကြား ခဲ့သည်။