ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌမှ ကျေးရွာပါတီဥက္ကဌ တာဝန်ပေးအပ်ခြင်းများ ပြုလုပ်

 

ဖားကန့်  မေ ၂၀

ဖားကန့်ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ ဦးအင်ဖရောင်းဂမ်သည် ခရိုင်ပါတီ ကော်မတီဝင် ဦးမရန်ဘရန်ဆိုင်း၊ မြို့နယ် နာယကဒေါ်ညိုညို၊ မြို့နယ်ပါတီ ကော်မတီဝင်များ ဖြစ်ကြသော ဦးသောင်းကြည်​၊ ဦးလွမ်းဝေ ဦးဝင်းစိန်၊ နမ္မဖြစ်အုပ်စု ပါတီဥက္ကဌ ဦးထွန်းလင်း၊ ရှရော်ခဥက္ကဌ ဒေါ်နှင်းဝေတို့နှင့်အတူ ဖားကန့်မြို့နယ်၊ ​အေးမြ သာယာရပ်ကွက်၊​ ​တောင်ပြိုကျေးရွာ တပ/၅၉ ဦးကျော်စိန်နေအိမ်တွင် မိမိအမာခံ ပါတီဝင် (၂၇) ဦးတို့ နှင့် တွေ့ဆုံပြီး လက်ရှိနိုင်ငံရေး အခြေအနေနှင့် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းကိစ္စ ၂၀၂၀ အောင်နိုင်ရေး ကြိုတင်ပြင်ဆင်ရေး ကိစ္စများကို ချပြဆွေးနွေးကာ ​တောင်ပြို ဗလခ မော်မောင်းလယန်မှော်ရွာ ဥက္ကဌများအား တာဝန်ပေးအပ်ခဲ့ကြောင်း သတင်းရှိပါသည်။Usdp Kachin State