ပြည်ခိုင်ဖြိုးပါတီနှင့် မီးသတ်ဦးစီးဌာနမှ လွဲပေါ်ဆော်ဘုရား တောင်ပေါ်သို့ သန့်ရှင်းရေး လုပ်အားဒါန ကုသိုလ်ယူ

 

မိုးကောင်း။ မေ ၇

ကချင်ပြည်နယ် မိုးကောင်းမြို့ လွဲပေါ်ဆော်ဘုရား တောင်ပေါ်တွင် ယမန်နေ့ နံနက် ၇ နာရီအချိန်တွင် မိုးကောင်းမြို့ ပြည်ခိုင်ဖြိုးပါတီးနှင့် မိုးကောင်းမြို့ မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ လုပ်အားဒါန
ကုသိုလ်ယူလျက် ရှိပါသည်။

သန့်ရှင်းရေး လုပ်အားဒါန လုပ်ရာတွင် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်အရန်ကော်မတီဝင် ဦးငွေရှိန်း ဦးမောင်ခန့် ဦးသာအောင် ဒေါ်မြမွန်အေးတိုနှင့် မိုးကောင်းမြို့ မီးသတ်ဦးစီးဌာန မီးသတ်တပ်ဖွဲ့ဝင်များသည် (၇၃) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင် နေ့အထိမ်းမှ လွဲပေါ်ဆော်ဘုရား တောင်ပေါ်တွင် ပေါက်ပြား ဓါးမျက်ဖြတ်စက်များဖြင့် လုပ်အားဒါန ကုသိုယူ ခဲ့ကြပါသည်။

ကိုစိုး (မိုးကောင်း)