ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များအား ပူတာအိုခရိုင် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ဒေသခံတိုင်းရင်းသားလူမျိုးများမှ လှိုက်လှဲစွာကြိုဆိုနှုတ်ဆက်

 

ပူတာအို၊ ဖေဖော်ဝါရီ ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ယနေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်တွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့သိုရောက်ရှိခဲ့ရာ ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးရာဝမ်ဂျုံနှင့်အတူ ပူတာအိုခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံ တိုင်းရင်းသားလူမျိုးများ စုစုပေါင်းအင်အား ၁၅၀ ဦးမှ ရင်နှီးလှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ဝိုင်း​မော်​မြို့နယ်​ လစဉ်​ ရပ်​\​ကျေး​တွေ့ဆုံပွဲပြုလုပ်​ကျင်းပ

 

ဝိုင်း​မော်​ ​ဖေ​ဖော်​ဝါရီ ၁၃

ယမန်နေ့ (၁၃.၂.၂၀၁၉)ရက်​​နေ့ မွန်းတည့် ၁၂ နာရီတွင်​ ဝိုင်းမော်ပြည်ခိုင်ဖြိုးပါတီ၏ လစဉ် ရပ်/ကျေးတွေ့ဆုံပွဲ အခမ်းအနားကို ဝိုင်း​မော်​မြို့နယ်​ ပါတီအစည်းအ​ဝေးခန်းမ၌ ကျင်းပခဲ့ပြီး၊ အခမ်းအနားသို့ မြစ်ကြီးနားခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းဖေ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်ကျော်အောင်နှင့်​​ကော်​မတီဝင်​များ၊ ရပ်​\​ကျေး ဥက္ကဌနှင့်​​ကော်​မတီဝင်​များ စုစု​ပေါင်း အင်​အား(၄၅)ဦးတက်​​ရောက်​ခဲ့သည်။

ပူတာအိုခရိုင်​\မြို့နယ်​ လုပ်​ငန်းညှိနှိုင်း အစည်းအ​ဝေးပြုလုပ်​ကျင်းပ

 

ပူတာအို ​ဖေ​ဖော်​ဝါရီ ၁၃

ယမန်နေ့ (၁၃.၂.၂၀၁၉) ရက်​​နေ့ နံနက်​ ၁၀၃၀နာရီ အချိန်​တွင်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ပူတာအိုမြို့နယ်​ပါတီရုံး အစည်းအ​ဝေးခန်းမ၌ ပူတာအို ခရိုင်​\မြို့နယ်​ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေး ပြုလုပ်​ကျင်းပခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင်ပင်ခံဦးသိန်းဇော် မိုးညှင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ

 

မိုးညှင်း ဖေဖော်ဝါရီ ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဗဟိုအတိုင်ပင်ခံ ပြည်ထောင်စုငြိမ်း ချမ်းရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ သီရိပျံချီ ဦးသိန်းဇော်သည် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းရုံးတွင် ပါတီ ဝင်များနှင့်တွေ့ဆုံပွဲ အခမ်းအနားကျင်းပ ခဲ့သည်။

ပြည်​​ထောင်​စုငြိမ်းချမ်း​ရေး​ကော်​မရှင်​ ဒု-ဥက္ကဌ၊ ပြည်​ခိုင်​ဖြိုးပါတီ ဗဟိုအတိုင်​ပင်​ခံ မြစ်​ကြီးနားမြို့သို့​ရောက်​ရှိ

 

မြစ်​ကြီးနား ​ဖေ​ဖော်​ဝါရီ ၆

ပြည်​​ထောင်​စုငြိမ်းချမ်း​ရေး​ကော်​မရှင်​ ဒု-ဥက္ကဌ၊ ပြည်​ခိုင်​ဖြိုးပါတီ ဗဟိုအတိုင်​ပင်​ခံ ဦးသိန်း​ဇော်​သည်​ ယ​နေ့ (၆-၂-၂၀၁၉) ရက်​​နေ့ မွန်းလွဲ ၁၂း ၅၅ နာရီအချိန်​တွင်​ Myanmar airway ​လေ​ကြောင်းလိုင်းဖြင့် မြစ်​ကြီးနားမြို့သို့ ​ရောက်​ရှိလာခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်းဖွင့်

 

မိုးညှင်း ဇန်နဝါရီ ၂၄

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ပြည် ခိုင်ဖြိုးရုံးခန်းမ၌နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား) သင်တန်း(၁/ ၂ဝ၁၉)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီတွင် မိုးညှင်းမြို့ နယ် ပြည်ခိုင်ဖြိုးရုံးခန်းမ၌ကျင်းပရာ သဘာ ပတိ ပြည်နယ်ပါတီကော်မတီဝင်ဦးစိုးဝင်း က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ရွှေကူမြို့နယ် တောပုန်းကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲကျင်းပ

 

ရွှေကူ ဇန်နဝါရီ ၂၄

ကချင်ပြည်နယ် ရွှေကူမြို့နယ် တောပုန်းကျေးရွာအုပ်စု ပြည်ခိုင် ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီခွဲက တောပုန်း ကျေးရွာ ဦးကိုဦး- ဒေါ်ပဲတို့၏နေ အိမ်၌ကျင်းပခဲ့ရာ မြို့နယ်ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဇော်မင်း၊ အတွင်းရေးမှူးဦးသန်းထိုက်၊ဘဏ္ဍာ ရေးမှူး ဦးမြင့်သန်းဦးနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ အရန်ပါတီ ကော်မတီဝင်များ၊ ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌ ဦးနန်းတင်နှင့် ကော် မတီဝင်၊ပါတီဝင်များ၊ပါတီနာယက များ စုစုပေါင်း ၅၃ ဦး တက် ရောက်ခဲ့ကြသည်။

ပြည်နယ်ပါတီအတွင်းရေးမှူး ဗန်းမော်မြို့နယ် ပါတီကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးတက်ရောက်အားပေး

 

ဗန်းမော် ဇန်နဝါရီ ၁၆

ကချင်ပြည်နယ် ဗန်းမော်မြို့ နယ် ပါတီကြားဖြတ်ရွေးချယ်ဖွဲ့ စည်းရေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပါတီရုံး၌ ကျင်းပ ခဲ့ရာ ပြည်နယ်ပါတီ ကော်မတီ အတွင်းရေးမှူးဦးစိုးသိန်း၊ပြည်နယ် ပါတီကော်မတီဝင်ဦးဝင်းမောင်သိန်း၊ ခရိုင်ပါတီဥက္ကဋ္ဌဦးသန်းဇော်လေး၊ အတွင်းရေးမှူးဒေါ်ဝိုင်း၊ မြို့နယ် ပါတီနာယကများ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးသက်ဝင်း၊အတွင်းရေးမှူး ဦးစောမိုးကျော်နှင့်ပါတီကော်မတီ ဝင်များ၊ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့် ပါတီဝင်များစုစုပေါင်း ၇၅ ဦး တက်ရောက်ခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီရုံးသစ်ဖွင့်ပွဲနှင့် ထူးချွန်ကျောင်းသားများ ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

 

ရှင်ဘွေယန် ဇန်နဝါရီ ၁၅

ကချင်ပြည်နယ် တနိုင်းဒေသ ရှင်ဘွေယန်မြို့ ပြည်ခိုင်ဖြိုးပါတီရုံးသစ် ဖွင့်ပွဲအခမ်းအနားနှင့် ၂ဝ၁၇-၂ဝ၁၈ပညာသင်နှစ်တွင် ထူးချွန်စွာအောင် မြင်ခဲ့သည့်ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပွဲအခမ်း အနားကို ယမန်နေ့ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်ကော်မတီဝင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ မြို့နယ်ကော်မတီဝင်များ၊ ဖိတ်ကြားထားသူ ၂၅၃ ဦးတက်ရောက်ခဲ့ပြီး နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်းသိရသည်။

မြစ်ကြီးနားမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မီးဘေးသင့်မိသားစုအား ဆန် ဆီ ဆား ထောက်ပံ့

 

မြစ်ကြီးနား ဇန်နဝါရီ ၁၃

မြစ်ကြီးနားမြို့နယ် ပြည်ခိုင် ဖြိုးပါတီမှ ယမန်နေ့နံနက် ၁ဝ နာရီ တွင် မီးဘေးသင့်မိသားစုထံ အိမ် အရောက် ဆန်၊ ဆီ၊ ဆား ထောက် ပံ့ပေးခဲ့ကြောင်း သိရသည်။