ဗဟိုအမျိုးသမီး​ညီလာခံအကြိုနှီး​နှောဖလှယ်​ပွဲ (ကချင်​ပြည်​နယ်​) ကျင်းပခြင်း

မြစ်​ကြီးနား၊ ဒီဇင်​ဘာ ၇

ယ​နေ့ (၇-၁၂-၂၀၁၈) ရက်​​နေ့ နံနက်​ ၀၉း၀၀ နာရ်ီအချိန်မှ ၁၀း၀၀ နာရီအချိန်​တွင်​ ကချင်​ပြည်​နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ပြည်​နယ်​ပါတီရုံး အစည်းအ​ဝေးခန်းမကြီး၌ ဗဟိုအမျိုးသမီး​ညီလာခံအကြိုနှီး​နှောဖလှယ်​ပွဲကို နိုင်​ငံ​တော်​အလံအ​လေးပြုခြင်း၊ နိုင်​ငံ​တော်​သီချင်း၊ ဂုဏ်​ပြုသီချင်းဖြစ်​​သော “ပိုမို​တောက်​ပ​သောအနာဂတ်​ဆီ” သီချင်းကိုသီဆို၍ ပထမပိုင်း အခမ်းအနားအစီအစဉ်​ကို စတင်​ခဲ့သည်။

မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ် (၁/၂၀၁၈) ဖွင့်ပွဲကျင်းပ

မိုးကောင်း ဒီဇင်ဘာ ၃

မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူး၍ အသက်မွေးဝမ်းကျောင်း အထောက် အကူပြုအဆင့်မြင့် စက်ချုပ်သင်တန်းအမှတ်စဉ် (၁/၂ဝ၁၈) ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်က အမှာစကားပြောကြားပြီး မြို့နယ်ပါတီကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နန်းကြည်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ပါတီဗဟိုအမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

 

မြစ်ကြီးနား၊ နိုဝင်ဘာ ၁၄

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဦးစီး၍ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညွန့်ဝင်းနှင့် ကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာပါတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပါတီဝင်များ စုစုပေါင်းအင်အား ၁၂ဝ တို့သည် ယမန်နေ့နံနက် ၇ နာရီမှ ၁ဝနာရီအထိ မြစ်ကြီးနားမြို့ယုဇနရပ်ကွက်သမိဒ္ဓေါဒယသီလရှင်ကျောင်းတိုက်၌ အမှိုက်ကောက်ယူခြင်း၊ မြက်ပင်များ ရှင်းလင်းခြင်းဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်အားပေး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ လုပ်အားပေးပွဲသို့ ပြည်နယ်ပါတီကော်မတီဝင် ဦးတင်မောင်ဝင်း၊ ဦးသိန်းထွန်းအေး၊ မြစ်ကြီးနားခရိုင် ပါတီကော်မတီဝင် (ဘဏ္ဍာရေးမှူး) ဦးလူးကပ်တို့ လာရောက်၍ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကျွန်းတောရပ်ကွက်အုပ်ချုပ်ရေးမှူးဖလားဗိုလ်လုပွဲ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တက်ရောက်အားပေး

 

မိုးကောင်း နိုဝင်ဘာ ၁၂

ကချင်ပြည်နယ် မိုးကောင်းမြို့ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေး မှူး ဖလားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းခွဲအားကစား ကွင်း၌ကျင်းပရာ ကျွန်းတောရပ် ကွက်(က)အသင်းက ဆားမှော် ကျေးရွာအုပ်စု အသင်းကို သုံးဂိုး- နှစ်ဂိုးဖြင့်အနိုင်ရဗိုလ်စွဲသွားသည်။

ခလုံးကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင် မီးဘေးသင့်သူကို ထောက်ပံ့ငွေပေးအပ်

 

တနိုင်း နိုဝင်ဘာ ၇

ကချင်ပြည်နယ် တနိုင်းမြို့နယ် ခလုံးကျေးရွာတွင် ပြည်ခိုင်ဖြိုး ပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနား ကို ယမန်နေ့ နံနက် ၁ဝနာရီက ခလုံး ကျေးရွာပါတီဥက္ကဋ္ဌ ဦးရူဝါးအိမ်၌ ကျင်းပခဲ့ရာ ဆိုင်းဘုတ်တင်ပွဲသို့ မြို့နယ်ပါတီဥက္ကဋ္ဌဦးမြင့်ကို၊ စီမံ ရေးရာ တာဝန်ခံဦးလဂျာဟ၊ နိုင်ငံခြားနှင့်တိုင်းရင်းသားရေးရာ တာဝန်ခံဦးဘစိန်၊ ကျေးရွာ ဥက္ကဋ္ဌ ဦးရူဝါးနှင့်ကော်မတီဝင်များတက် ရောက်ခဲ့ကြသည်။

ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အခြေခံနိုင်ငံရေး (ဆင့်ပွား) သင်တန်းဖွင့်လှစ်

 

ဖားကန့်၊ ​အောက်​တိုဘာ ၂၉

ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍ အခြေခံနိုင်ငံရေး (ဆင့်ပွား) သင်တန်း (၅ \၂၀၁၈) ကို အောက်တိုဘာ (၂၉) နေ့ နံနက်​ ၀၉း၀၀ နာရီအချိန်​တွင်​ လီဒိုလမ်းဒေသ၊ ဝါရာဇွပ်ကျေးရွာအုပ်စု၊ အောင်ရာကျေးရွာ ဦးချင်းနေအိမ်တွင်ပြုခဲ့ပြီး၊ သင်တန်းဖွင့်ပွဲတွင် အဖွင့်အမှာစကားကို မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းထွန်းမြင့်က ပြောကြားခဲ့ကာ သင်တန်းတွင် သင်တန်းသား /သူ (၇၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ​အောက်​တိုဘာလ (၂၉) ရက်​မှ (၃၁)ရက်​​နေ့ အထိ (၃) ရက်ဖွင့်​လှစ်​သွားမည်​ဖြစ်ကြောင်းသတင်းရရှိပါသည်။

ပြည်​ခိုင်​ဖြိုးပါတီကိုယ်​စားပြု အမျိုးသားလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း မြစ်ကြီးနားမြို့နယ် နန်း​ကွေ့​ကျေးရွာ၊ ကဘူဒမ်းနယ်​​မြေ​နေ မိဘပြည်​သူများနှင့် တွေ့ဆုံခြင်း

 

၂၉-၁၀-၂၀၁၈

ယ​နေ့ နံနက်​ ၁၀း၀၀ နာရီမှ ၁၁း၃၀နာရီ အချိန်​ထိ မြစ်​ကြီးနားမြို့နယ်​၊ နန်း​ကွေ့​ကျေးရွာ၊ ကဘူဒမ်းနယ်​​မြေ​နေ ပါတီဝင်​ ဦး​ယောဟန်​၏​နေအိမ်​၌ ပြည်​ခိုင်​ဖြိုးပါတီကိုယ်​စားပြု အမျိုးသားလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း ဦးဆီဟူး​ဒွေ့၊ ပြည်​နယ်​ပါတီ ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ ၊ မြစ်​ကြီးနားမြို့နယ်​ ပါတီအတွင်း​ရေးမှူး ဦးလာ​ပေါ်ဟူး၊ မြို့နယ်​ပါတီဘဏ္ဍာရေးမှူး ဦးဥက္ကာ၊ မြို့နယ်​ပါတီ​ကော်​မတီဝင်​ ဦးလန်းဇုန်းနှင့် နန်း​ကွေ့​ကျေးရွာ ​အောင်​နိုင်​​ရေး​ကော်​မတီဝင်​တို့က နန်း​ကွေ့​ကျေးရွာ၊ ကဘူဒမ်းနယ်​​မြေ​နေ မိဘပြည်​သူ (၅၀) ဦးနှင့်​ ​တွေ့ဆုံခဲ့ကြပါသည်​။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကချင်ပြည်နယ်အတွင်းရှိ ခရိုင် မြို့နယ် ရပ်ကျေးအဆင့် ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ

 

မြစ်ကြီးနား၊ အောက်တိုဘာ ၁၈

ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်း အဝေးခန်းမတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် ကျေးရွာ ပါတီအဆင့် တာဝန်ရှိသူများတွေ့ဆုံပွဲအခမ်းအနားကို အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်

မိုး​ကောင်းမြို့ပြည်​​ခိုင်​ဖြိုးပါတီ လူငယ်​​ရေးရာ​ကော်​မတီဝင်​များ ​သောင်​ဦး​ကျောင်းတိုက်​၌လုပ်​အားဒါန ကုသိုလ်​ယူ

 

မိုးကောင်း။အောက်တိုဘာ ၁၈

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ​ပြည်​​ထောင်​စုကြံခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ လူငယ်​ရေးရာ​ကော်​မတီဝင်​ ဒုတာဝန်​ခံ ဦးသန်းစိုး ဦး​ဆောင်​၍ ​အောက်​တိုဘာ (၁၈)ရက်​ နံနက်​ (၇းဝဝ)နာရီ အချိန်​တွင်​ ​သောင်​ဦး​ကျောင်းတိုက်​အတွင်းရှိ မြက်ခြုံနွယ်​များကို စက်​ဓား ၊​ပေါက်​ပြားများနှင့်​သန့်​ရှင်း​ရေးကို ကျား (၇ )ဦး၊ မ (၈)ဦး စု​စုပေါင်းအင်​အား (၁၅)ဦး ဖြင့်​ သန့်​ရှင်း​ရေး လုပ်​အားဒါန ကုသိုလ်​ယူလျက်​ရှိပါ​ကြောင်း သတင်းတင်​ပြလိုက်​ပါသည်​။

နိုင်ငံထူထောင်ဖို့ အခြေခံကောင်းများ ချမှတ်ထားပြီးဖြစ်တဲ့အတွက် အောင်မြင်အောင် အကောင်အထည် ဖော်နိုင်စွမ်းရှိမဲ့ အရည်အချင်းပြည့်ဝသူများကို ရွေးချယ်တာဝန်ပေးအပ်ရန်သာ အဓိက အရေးကြီးသည်ဟု ဥက္ကဋ္ဌ ဦးသန်းဌေး မြစ်ကြီးနားမြို့ရှိပြည်သူလူထုနှင့်တွေ့ဆုံပွဲတွင် ပြောကြား

 

မြစ်ကြီးနား၊ အောက်တိုဘာ ၁၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် မြစ်ကြီးနားမြို့ရှိ ပြည်သူလူထုတွေ့ဆုံပွဲနှင့် ပါတီဝင်အဆိုပြု လွှာစုပေါင်းပေးအပ်ပွဲကိုအခမ်းအနားကို အောက်တိုဘာလ ၁၇ရက်နေ့ နံနက်၈နာရီ အချိန်တွင် မြစ်ကြီးနားမြို့ရှိ ပြည်နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ပြု လုပ်ကျင်းပခဲ့သည်။

အခမ်းအနားကို နိုင်ငံတော်အလံအားအ လေးပြုပြီး နောက် နိုင်ငံတော်သီးချင်းကိုသံပြိုင်သီဆိုခြင်းဖြင့် အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့သည်။