မိုးမောက် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဆရာဆရာမများနှင့် နည်းပြများရုံးအဖွဲ့များအား ကာဘော်လစ် ဆပ်ပြာနှင့် Mask များဖြန့်ဝေပေး

 

မိုးမောက် ဇွန် ၁၅

မိုးမောက်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှသင်ရိုးသစ် သင်တန်းတက်ရောက်သော ဆရာဆရာမများနှင့် နည်းပြများ၊ ရုံးအဖွဲ့များအား ကာဘော်လစ်ဆပ်ပြာ၊ Mask များ ဖြန့်ဝေပေးအပ်ပွဲကို ယမန်နေ့ နံနက် ၈ နာရီ ခွဲကမိုးမောက်မြို့ အထကကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပေးအပ်ပွဲသို့ ခရိုင်အတွင်းရေးမှူး၊ မြို့နယ်တာဝန်ခံ ဒေါ်ဝိုင်း၊ မြို့နယ်အတွင်းရေးမှူး ဦးဒါ့ရှီးတူးလွမ်၊ ဘဏ္ဍာရေးမှူး ဦးဘရန်အောင်၊ မြို့နယ်ပါတီကော်မတီဝင် ဦးမြင့်လွင်၊ ဒေါ်မေရီနှင့် ဒေါ်ဂျာအောန်လု၊ ဦးစီးရုံး အဖွဲ့ဝင်များသွားရောက်၍ မြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သော မူလတန်းဆရာ ဆရာမများ၏ သင်ရိုးသစ် Gread-4 သင်တန်းသို့ တက်ရောက်လျက်ရှိသော ဆရာဆရာမ များနှင့်နည်းပြများ၊ ရုံးအဖွဲ့များ၊ စုစုပေါင်း ၅ဝဝ တို့ အား ကာဘော်လစ်ဆပ်ပြာများနှင့်Mask များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ ဆီမီးခုံ-နန်းရီ