မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ Covid-19 ရောဂါကာကွယ်ရေး ကွင်းဆင်းဆွေးနွေး

 

မိုးကောင်း ဇွန် ၂၂

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကော်မတီဝင် စည်းရုံးရေးရာတာဝန်ခံ ဦးမြင့်စိုးနှင့်ပါတီစည်းရုံးရေး နယ်မြေ (၄) တာဝန်ခံ ဦးဝင်းသိန်းတို့သည် ယမန်နေ့ နံနက်ပိုင်းက အင်းပေါင်းနှင့် မန်ရွက်ကျေးရွာအုပ်စုများသို့ သွားရောက်၍ သက်ဆိုင်ရာ ကျေးရွာအုပ်စုပါတီ ကော်မတီဝင်များအားတွေ့ဆုံကာ ကျေးရွာအုပ်စုပါတီ များအနေဖြင့် ကျေးရွာအုပ်စုအတွင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ် ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေးနှင့် စည်းရုံးရေး ဆိုင်ရာများ ဆွေးနွေးခဲ့ကြောင်းသိရသည်။

ဝင်းအောင်(မိုးကောင်း)