ပြည်ခိုင်ဖြိုးပါတီ ကရင်ပြည်နယ်ဥက္ကဋ္ဌ ဦးစောမြင့်ဦး ဖာပွန်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများစစ်ဆေး COVID-19 ရောဂါကာကွယ်ရေး Mask များလှူဒါန်း

 

ဖာပွန် ဇွန် ၂၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်ပါတီဥက္ကဋ္ဌ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးသည် ဖာပွန်မြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်၊ ဖာပွန်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးစိုင်းသိန်းဇံတို့ လိုက်ပါ၍ ယမန်နေ့ နံနက် ၁၁နာရီတွင် ဖာပွန်မြို့ အမှတ် (၄) ရပ်ကွက်ရှိ အေးသုခကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော်ပြီး လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် ဖာပွန်မြို့ ခုတင် (၁ဝဝ) ပြည်သူ့ဆေးရုံသို့ COVID-19 ရောဂါကာကွယ်ရေးပစ္စည်းများဖြစ်သော Mask များသွားရောက်ပေးအပ် လှူဒါန်းခဲ့သည်။

မွန်းလွဲ ၁ နာရီတွင် ဖာပွန်မြို့နယ် မဲသလွတ်ဝှေဆန်နှင့် ကူးဆိပ်ကျေးရွာတို့တွင် ပြည်နယ်ကျေးလက် ဦးစီးဌာနနှင့် ပြည်နယ်ရေ အရင်းအမြစ်အသုံးချရေး ဦးစီးဌာနတို့မှ ဆောင်ရွက်လျက်ရှိသည့် ရေသန့်စက်ရုံ ဆောက်လုပ်ခြင်းနှင့် စက်ရေတွင်းတူးဖော်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ခင်နီနီအောင်