ပြည်ခိုင်ဖြိုးပါတီနှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ပူးပေါင်းပြီး ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်

 

ဘားအံ ဇွန် ၂၁

ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ နံနက် ၈ နာရီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်း နီနီအေး၊ ပြည်နယ်ပါတီကော်မတီဝင် (လူငယ်တာဝန်ခံ) ဦးစောမြင့်ဝင်းအောင်၊ ပြည်နယ်အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်စန္ဒာဦး၊ ပြည်နယ်လူငယ်လှုပ်ရှားမှု အဖွဲ့ခေါင်းဆောင် ဒေါ်ခင်နီနီအောင်တို့သည် ပြည်နယ် စစ်မှုထမ်းဟောင်း (ဥက္ကဋ္ဌ) ဗိုလ်မှူး (ငြိမ်း) မြင့်သောင်း ဦးဆောင်ပြီး ဘားအံမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ အပါအဝင် ကျား ၇ဝ၊ မ ၃ဝ တို့ဖြင့် ဘားအံ မြို့နယ်တောင်ကလေးကျေးရွာရှိ တောင်ကလေး အထက်တန်း ကျောင်းအတွင်းရှိ ချုံနွယ်များ ရှင်းလင်း ပေးခြင်း၊ ရေစီးရေလာကောင်း မွန်အောင် ရေနုတ်မြောင်းပြန်လည် တူးဖော်ပေးခြင်း၊ Quarantine ထားသောစာသင်ခန်းအား COVID-19 ရောဂါကာကွယ်ရေး ပိုးသတ်ဆေး ဖျန်းပေးခြင်းတို့ကို ပူးပေါင်း ဆောင်ရွက်ခဲ့သည်။

ထို့နောက် ပြည်နယ်ပြည်ခိုင်ဖြိုးပါတီနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးတို့က အလှူငွေ ကျပ်ငါးသောင်းကို ပြည်နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဋ္ဌအား ထောက်ပံ့ပေးအပ်ခဲ့ပြီး နံနက် ၁ဝနာရီတွင် ဆောင်ရွက်မှုများပြီး မြောက်ခဲ့ကြောင်း သိရသည်။ ခင်နီနီအောင်