ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကရင်ပြည်နယ်ဥက္ကဋ္ဌမြဝတီနှင့် ကော့ကရိတ်မြို့နယ်များရှိ ပါတီဝင် များနှင့်တွေ့ဆုံ

 

မြဝတီ၊ ကော့ကရိတ် စက်တင်ဘာ ၁၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦးသည် ပြည်နယ်ပါတီကော်မတီဝင် စီမံရေးရာ ဦးဝင်းတင်လိုက်ပါ၍ ယမန်နေ့ နံနက် ၁၁ နာရီတွင် မြဝတီမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ပါတီဥက္ကဋ္ဌများနှင့် တွေ့ဆုံ၍ ပဉ္စမအကြိမ် ဗဟိုကော်မတီ အစည်းအဝေးမှ ဆွေးနွေးပြောကြားချက်များကို ထပ်ဆင့်ရှင်းလင်းဆွေးနွေးပြီး မွန်းတည့် ၁၂နာရီတွင် ပြီးဆုံး ခဲ့ကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၃နာရီတွင် ကော့ကရိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကော့ကရိတ်ခရိုင်/မြို့နယ် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာပါတီ ဥက္ကဋ္ဌများနှင့် တွေ့ဆုံ၍ ပဉ္စမအကြိမ် ဗဟိုကော်မတီ အစည်းအဝေးမှ ဆွေးနွေးပြောကြားချက်များကို ထပ်ဆင့်ရှင်းလင်း ဆွေးနွေးခဲ့ပြီး ညနေ ၄ နာရီ တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။ခင်နီနီအောင်