အမျိုးဘာသာ သာသနာအတွက် နိုင်ငံရေးသမားပီသစွာ လုပ်ဆောင်ရန်လိုအပ်ဟု လူငယ်များကို တိုက်တွန်း

 

မိတ္ထီလာ၊ စက်တင်ဘာ ၁၇

လူငယ်များ အနေဖြင့် ကိုယ့်နိုင်ငံ ၊ ကိုယ့်လူမျိုးနှင့် ကိုယ့်အမျိုးဘာသာ သာသနာအတွက် နိုင်ငံရေးသများ ပီသစွာ လုပ်ဆောင်ရန်လိုအပ်ပြီး အခွင့်ရေးကို မျှော်ကိုးသည့် အခွင့်ရေးနိုင်ငံရေးသမား မဖြစ်စေရန် ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က မိတ္ထီလာခရိုင်မှ လူငယ်များအား တိုက်တွန်းပြောဆို ခဲ့ပါသည်။

ပါတီ၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ် ဗဟိုလူငယ်ရေးရာတာဝန်ခံ လည်းဖြစ်သည့် ဒေါက်တာနန္ဒာလှမြင့် ဗဟိုလူငယ် ရေးရာတာဝန်ခံ ဒေါ်ကျော့ယဉ်ဝင်းတို့နှင့် မိတ္ထီလာခရိုင်ရှိ ၄ မြို့နယ် မှ လူငယ်များအား တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်ပါသည်။ “နိုင်ငံအတွက် အချိန်ရှိသည်ဖြစ် မရှိသည်ဖြစ်စေ ပိုက်ဆံရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ ရာထူးရသည်ဖြစ်စေ မရသည်ဖြစ်စေ ငါ့နိုင်ငံ၊ ငါ့လူမျိုး၊ ငါ့အမျိုးဘာသာ သာသနာတွက် ဆိုပြီး Professional နိုင်ငံရေးသမားပီပီ နိုင်ငံရေးကို လုပ်သင့်တယ်”ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောကြားခဲ့ ပါသည်။ ဒေါ်ကျော့ယဉ်ဝင်းကလည်း နိုင်ငံသမား ၃ မျိုးရှိပြီး စံထားလောက်သည့် professional နိုင်ငံရေး သမားအဖြစ်ကို ခံယူကာ လုပ်ဆောင်သင့်သလို လူကြီးတွေကလည်း လူငယ်တွေကို လေ့ကျင့်ပျိုးထောင် ပေးရမည်ဖြစ်ကြောင်း၊ “နိုင်ငံရေးသမား ၃ မျိုးက အချိန်ပိုင်းနိုင်ငံရေးသမားရယ် နောက်တစ်ခုက နေရာတွက် အာဏာရဖို့တွက် အခွင့်ရေး နိုင်ငံရေးသမားနဲ့ နိုင်ငံသမားကောင်းလို့ စံထားရလောက်အောင် အရည်ချင်း အရည်သွေးနဲ့ပြည့်စုံပြီး နိုင်ငံတော် တည်ဆောက်ရေး အတွက်ပါ အမြဲစဉ်းစားပြီးတော့ နိုင်ငံရေးကို ဆောင်ရွက် နေတဲ့ နိုင်ငံရေးသမားတို့ဖြစ်ပါတယ်” ဟု ၎င်းကထပ်လောင်း ပြောကြားခဲ့ပါသည်။ မိတ္ထီလာမြို့နယ် အတွင်း စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက ကျင်းပသော လူငယ်တွေ့ဆုံပွဲတွင် မိတ္ထီလာ သာစည် မလှိုင်နှင့် ဝမ်းတွင်းမြို့နယ်များမှ လူငယ်များနှင့် ပါတီမှ တာဝန်ရှိသူများ တတ်ရောက်ခဲ့ကြပါသည်။