ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်များ လူငယ်နှင့်အနာဂတ် နိုင်ငံတော်ခေါင်းစဉ်ဖြင့် လူငယ်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေး

 

ရန်ကုန် စက်တင်ဘာ ၁၇

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးခင်ရီနှင့် ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့သည် ယမန်နေ့နံနက် ၉ နာရီက မှော်ဘီမြို့နယ် တင်ကြီးကုန်းကျောင်းကြီးရှိ ကလျာဏမိတ္တဓမ္မာရုံတွင် ကျင်းပခဲ့သည့် လူငယ်နှင့်အနာဂတ် နိုင်ငံတော်ခေါင်းစဉ်ဖြင့် လူငယ်တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေး ခဲ့သည်။

ဦးစွာတွေ့ဆုံ ဆွေးနွေးရခြင်းနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီနှင့် ဦးခင်မောင်စိုး တို့က ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် လူငယ်များက လက်ရှိဖြစ်ပေါ်နေသော ကလေးသူငယ်အခွင့် အရေးများဆိုင်ဥပဒေနှင့် ပတ်သက်၍သော်လည်းကောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင် ရှားပါးမှုများနှင့် ပတ်သက်၍ သော်လည်းကောင်း၊ လျှပ်စစ်မီတာခဈေး မြင့်တက်မှုစသည့် မေးခွန်းများကိုမေးမြန်း ခဲ့ကြသည်။

ဆွေးနွေးမေးမြန်းမှုများနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီနှင့်ဦးခင်မောင်စိုးတို့က ပြန်လည်ရှင်းလင်း ဖြေကြားသည်။ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်း ဒေသကြီး တာဝန်ခံ ဦးခင်ရီ၊ ပါတီဗဟို အလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး နှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ရပ်/ကျေးပါတီ ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ လူငယ်များ စုစုပေါင်း ၂၆ဝ ကျော် တက်ရောက် ခဲ့ကြောင်း သိရသည်။နေထက်ဝေ