သံတွဲခရိုင်နှင့်မြို့နယ်ပါတီကော်မတီဝင်များ ပဉ္စမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်နှင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ပါတီ ခေါင်းဆောင်များ၊ ပါတီဝင်များ စုပေါင်း၍ ပဉ္စမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို စက်တင်ဘာလ (၁၅) ရက် နံနက် (၉) နာရီအချိန်က သံတွဲခရိုင် ပြည်ခိုင်ဖြိုး ပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဗဟိုကော်မတီဝင်ဦးလှဟန်၊ အရံကော်မတီဝင် မြို့နယ် တာဝန်ခံ ဦးတင်မောင်သန်း၊ ခရိုင်ပါတီ အတွင်းရေးမှူး ဒေါ်ဝင်းမင်းမာထွန်း နှင့် ခရိုင်ပါတီကော်မတီဝင်များ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစန်းနိုင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာများ စုစုပေါင်းအင်အား(၁၂၅)ဦး တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဧည့်ပရိတ်သတ်များမှ ကျောက်ကြီးစံပြကျေးရွာ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်များမှ မေတ္တာသုတ် ပရိတ်တရားတော်ချီးမြှင့်ကာ မြို့နယ်ပါတီဥက္ကဌ ဦးစန်းနိုင်မှ မိမိတို့အသင်း၊ မိမိတို့ပါတီမှ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး သာသနာ ရေးများ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲများအား အကျယ်တဝင့် လျှောက်ထား ခဲ့သည်။

ဆက်လက်၍ ဆရာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး သာယာကျွန်းဆရာတော်ထံမှ ရေစက်သွန်းချ သာဓုအနုမောဓနာတရား နာယူကာ ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းကာ ဆရာတော်သံဃာတော်များအား ဆွမ်းကပ်လှူပြီး ဧည့်ပရိတ် သတ်များအား ထမင်းဖြင့် ဧည့်ခံ ကျွေးမွေးခဲ့သည်။

# သရဏဂုံ


Leave a Reply