ပါတီဝင်သစ် ၄၀၅ ဦး ၀င်ရောက်သည့် ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲ ဒက္ခိဏသီရိ ပြည်ခိုင်ဖြိုးကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၁၆

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီ အစည်းအဝေးကို ဂုဏ်ပြုသောအားဖြင့် ဒက္ခိဏသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်သစ် ၄၀၅ ဦးဝင်ရောက်သည့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲကို ယနေ့ စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၉ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်တွင် ကျင်းပပြုလုပ် ခဲ့သည်။

ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားအား နိုင်ငံတော်အလံကိုအလေးပြုပြီး နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုနယ်မြေ ပါတီဗဟိုကော်မတီဝင် ဦးမြင့်လှိုင်ကအမှာစကားပြောကြားပြီး မြို့နယ် ကော်မတီဝင် နယ်မြေတာဝန်ခံ ဒေါ်သန်းသန်းအေးက နယ်မြေအခြေအနေများကို ရှင်းလင်းတင်ပြကာ ပါတီဝင် သစ်များဖြစ်ကြသည့် ပေါက်တောကျေးရွာမှ ဦးသန်းအောင်နှင့် ဒေါ်ဖြူသီခိုင်တို့မှ ပါတီဝင်ရောက်ရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး ရွာမကျေးရွာ၊ ပေါက်တောကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာ၊ တပ်ပိုးကျေးရွာများမှ ပါတီဝင်သစ် ၄၀၅ ဦးက ပါတီဝင်အဆိုပြုလွှာများအားပေးအပ်ကြရာ တာဝန်ရှိသူများမှ လက်ခံရယူကြပြီး ပါတီဝင်ကဒ်ပြားများအား ပါတီဝင်သစ်များအား ပြန်လည်ပေးအပ် ခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး ပြည်ခိုင်ဖြိုး ဟေ့သီးချင်းသီဆိုကာ အခန်းအနားအား ရုပ်သိမ်းခဲ့သည်။