နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်း ဖားကန့်တွင်ဖွင့်လှစ်

 

ဖားကန့် အောက်တိုဘာ ၁၁

ကချင်ပြည်နယ် ဖားကန့်မြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကကြီးမှူး၍ နိုင်ငံ ရေး စီမံခန့်ခွဲမှုဆင့်ပွားသင်တန်း အမှတ်စဉ်(၃/၂ဝ၁၈) ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက လီဒို လမ်းမကြီးဘေး ပါတီစည်းရုံးရေး နယ်မြေ လဝါးကျေးရွာရှိ ကျေးရွာ ပါတီဥက္ကဋ္ဌ ဦးလဝါးဇော်မိုင်၏ နေအိမ်၌ကျင်းပရာ သဘာပတိ အဖြစ် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအင် ဖရောင်းဂမ်က အမှာစကားပြော ကြားပြီး မြို့နယ်ပါတီအတွင်းရေး မှူး ဦးထွန်းမြင့်က သင်တန်းဖွင့် လှစ်ရခြင်းရည်ရွယ်ချက်များနှင့် ပို့ချပေးမည့် ဘာသာရပ်များကို အသိပေးရှင်းလင်းပြောကြားသည်။

မိုးကောင်းတွင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုမြို့နယ်အဆင့်နှီးနှောဖလှယ်ပွဲကျင်းပ

 

မိုးကောင်း အောက်တိုဘာ ၁ဝ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ဗဟိုအမျိုးသမီး ညီလာခံအကြို မြို့နယ်အဆင့်နှီး နှောဖလှယ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကချင်ပြည်နယ် မိုးကောင်း မြို့နယ်ပါတီရုံး၌ကျင်းပရာ သဘာ ပတိအဖြစ် မြို့နယ်ပါတီကော်မတီ ဝင် မြို့နယ်ပါတီအမျိုးသမီးရေးရာ တာဝန်ခံဒေါ်နန်းကြည်နှင့် မြို့နယ် ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင် တို့က အမှာစကားပြောကြားပြီး မြို့နယ်ပါတီ အမျိုးသမီးရေးရာ ကော်မတီဝင်ဒေါ်ခင်မာအေးက နှီး နှောဖလှယ်ပွဲကျင်းပရခြင်းနှင့်စပ် လျဉ်း၍ ရှင်းလင်းပြောကြား သည်။

ဗဟိုအမျိုးသမီးညီလာခံကြိုဆိုဂုဏ်ပြု မူကြိုကျောင်းတွင်အာဟာရဒါနပြု

 

မိုးကောင်း အောက်တိုဘာ ၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုအမျိုးသမီးညီလာခံ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကိုယ်စား မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်နှင့်ကော်မတီဝင် များ၊မြို့နယ်ပါတီအမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်နန်းကြည်နှင့်အဖွဲ့ဝင် များ၊ ပါတီဝင်များသည် ယမန်နေ့ နံနက် ၇ နာရီက မြို့နယ်ပြည်သူ့ ဆေးရုံနှင့် ၁၆ ခုတင်ဆံ့တိုင်းရင်း ဆေးရုံတို့တွင် ဆေးကုသမှုခံယူနေ သော လူနာများ၊ လူနာစောင့်များ နှင့်ဆေးရုံဝန်ထမ်းများ၊ မိုးကောင်း မြို့ ကိုယ့်အားကိုယ်ကိုးမူလတန်း ကြိုကျောင်းမှဆရာမများနှင့်ကျောင်း သားကျောင်းသူ ၇၈ ဦးတို့အား နံနက်စာအာဟာရဒါနအဖြစ်ကြက် သားဆန်ပြုတ်များ တိုက်ကျွေးခဲ့ ကြောင်း သိရသည်။

မိုး​ကောင်းမြို့နယ် ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ​ နယ်​​မြေ (၂) ပါတီဝင်​များနှင့်​တွေ့ဆုံ

 

မိုး​ကောင်း၊ ​အောက်​တိုဘာ ၁

ကချင်​ပြည်​နယ်​ မိုး​ကောင်းမြို့နယ်​ ​လေးမိုင်​​ကျေးရွာ ​ဒေါ်စိန်​​မေကြည်​ ​နေအိမ်​တွင်​ အောက်တိုဘာ (၁) ရက်​နေ့နံနက်​ ၉း၃၀ နာရီအချိန်​တွင် ​နယ်​​မြေ (၂) ပါတီဝင်​များနှင့် ​တွေ့ဆုံ​ဆွေး​နွေခဲ့ပါသည်​။
အခမ်းအနားတွင်​ မိုး​ကောင်းမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးထွန်းထွန်း​အောင်​ နှင့် မြို့နယ်​စီမံ ဦးဝင်းသိန်း၊ နယ်​​မြေ (၂) တာဝန်​ခံ ဦးစိုးနွယ်၊​ မြို့နယ်​ရှမ်းတိုင်းရင်းသား​ခေါင်း​ဆောင်​ ဦးစိုင်းထွန်းလှ၊ မြို့နယ်​စည်းရုံး​ရေးတာဝန်​ခံ ဦးမြင့်စိုး၊ မြို့နယ်​အမျိုးသမီး​ရေးရာတာဝန်​ခံ ​ဒေါ်နန်းကြည်၊​ မြို့နယ်​​ကော်​မတီအရန်​ ဦးစိုး၊ ဦးသန်းစိုးတို့သည် ​နယ်​​မြေ (၂) ​ခေါင်း​ဆောင်​ပါတီဝင်​များနှင့်​​တွေ့ဆုံ​ဆွေး​နွေးလျက်​ရှိပါသည်။ အခမ်းအနားတွင်​ ပါတီအင်းအား ၄၅ ဦးဖြင့် အပြန်​အလှန်​​ဆွေး​နွေတင်​ပြလျက်​ရှိပါ​ကြောင်း တင်​ပြလိုက်​ပါသည်​။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် မြို့နယ်ဥက္ကဋ္ဌ ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး


ရန်ကုန်၊ စက်တင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးတင်အောင် (နယ်မြေတာဝန်ခံ) သည် ယမန်နေ့ မွန်းတည့် ၁၂ နာရီက မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်း ရေးမှူး ဦးတင်ရှိန်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များအား တွေ့ဆုံ၍ ပြည်ခိုင်ဖြိုးပါတီ၏ လက်ရှိစည်းရုံး လှုပ်ရှားဆောင်ရွက်ထားမှု အခြေအနေများ၊ ရေးရာအလိုက်ဆောင် ရွက်ထားမှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်နိုင်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)

(more…)


ကွင်းဆင်းစည်းရုံးဆောင်ရွက်ခြင်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကချင်ပြည်နယ်အတွင်းရေးမှူး ဦးစိုးသိန်းနှင့် ဦးဝင်းမောင်သိန်း ဗန်းမော်ခရိုင်ဥက္ကဌဦးသန်းဇော်လေး နှင့်ခရိုင်ကော်မတီဝင် ဦးကျော်စွာဝင်း ဗန်းမော်မြို့နယ် ဥက္ကဌဦးသက်ဝင်းနှင့် ကော်မတီဝင်များသည် ယနေ့နံနက် ၉နာရီအချိန်က ချောင်းဝကျေးရွာမှ ကျေးရွာသူ/သားများအား ကွင်းဆင်းတွေ့ဆုံခဲ့ကြောင်း သိရသည်။
#Amiko


ကချင်ပြည်နယ် အမှတ် (၂) မဲဆန္ဒနယ်နယ်မြေမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဆီဟူးဒွေ့ လုံဂါစွပ်ကျေးရွာနှင့် အာလမ်ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံ

 

မြစ်ကြီးနား၊ စက်တင်ဘာ ၂၄

၂ဝ၁၈ခုနှစ် နိုဝင်ဘာ ၃ ရက် တွင်ကျင်းပမည့် ကြားဖြတ်ရွေး ကောက်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု၍ ကချင်ပြည်နယ် အမှတ်(၂) မဲဆန္ဒနယ်မြေမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဆီဟူးဒွေ့သည် ပြည်နယ်ခရိုင် မြို့နယ် ပါတီတာဝန်ရှိသူများလိုက်ပါလျက် စက်တင်ဘာ (၂၄) ရက်နေ့က မြစ်ကြီးနားမြို့ပေါ်ရှိ တပ်ကုန်းရပ်ကွက်၊မြစ်ကြီးနားမြို့ နယ် လုံဂါစွပ်ကျေးရွာနှင့်အာလမ် ကျေးရွာများသို့ သွားရောက်၍ ဒေသခံပြည်သူများအားရင်းရင်းနှီး နှီးတွေ့ဆုံခဲ့သည်။
ယင်းသို့တွေ့ဆုံရာ၌ အမျိုး သားလွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ပါတီတာဝန်ရှိသူများက ပါတီ၏မူဝါဒနှင့် ကြားဖြတ် ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပရေးလုပ်ငန်းညှိနှိုင်းဆွေးနွေး

 

ဗန်းမော် စက်တင်ဘာ ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာအဖွဲ့နှင့် ပါတီဝင်များ၊ စေတနာရှင်များစုပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ဗန်းမော်ခရိုင် ပြည်သူ့ ဆေးရုံ၌ ဆေးကုသမှုခံယူနေကြသူများအား နံနက်စာအာဟာရဒါနအဖြစ် လက်ဖက်ရည်နှင့်မုန့်များ သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဝင်းအောင်(မိုးကောင်း)

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ

 

မြစ်ကြီးနား စက်တင်ဘာ ၁၉

(၂ဝ၁၈)ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို ကိုယ်စားပြု၍ ကချင်ပြည်နယ် မဲဆန္ဒနယ်မြေအမှတ်(၂)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဆီဟူးဒွေ့နှင့် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်နေ ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ရပ်ကွက်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ နေအိမ်၌ ကျင်းပခဲ့သည်။