ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအား မိတ်ဆက်ကြိုဆိုပွဲနှင့် ရုံးခန်းဖွင့်ပွဲကျင်းပ

 

မြစ်ကြီးနား စက်တင်ဘာ ၎

၂ဝ၁၈ခုနှစ်နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ကချင်ပြည် နယ်မဲဆန္ဒနယ်အမှတ်(၂)အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင် မည့်ဦးဆီဟူးဒွေ့အား မိတ်ဆက်ကြိုဆိုပွဲနှင့် ရုံးခန်း ဖွင့်ပွဲကိုယမန်နေ့မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ရှိ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံး၌ ကျင်းပခဲ့သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအား မိတ်ဆက် ကြိုဆိုပွဲနှင့်ရုံးခန်းဖွင့်ပွဲသို့ ပြည်နယ်၊ ခရိုင်၊မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေး ပါတီကော်မတီ တာဝန်ရှိသူများနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းအောင်(မိုးကောင်း)