မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်လှစ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ

 

မိုးကောင်း သြဂုတ် ၂၇

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်အတွင်း နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းများ စီစဉ်ဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီခွဲက မြို့နယ်ပါတီရုံး၌ ကျင်းပရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်နှင့် ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များနှင့် မြို့ပေါ် ၁ဝ ရပ်ကွက် မှ ရပ်ကွက်ပါတီဥက္ကဋ္ဌများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်က အမှာစကား ပြောကြားပြီး တက်ရောက်လာကြသူများက သင် တန်းများ စနစ်တကျအောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် အကြံပြု ဆွေးနွေးကြသည်။
မိုးကောင်းမြို့နယ်အတွင်း မြို့နှစ်မြို့၊ ရပ်ကွက် ၁၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၆ အုပ်စု၊ ကျေးရွာ ၇၉ ရွာ ပါဝင်ပြီး ပါတီဝင်များ အဆင်ပြေစွာ သင်တန်းတက်ရောက်နိုင်ရန် နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁/၂ဝ၁၈) ကို မိုးကောင်းမြို့တွင် လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၂/၂ဝ၁၈) ကို ပင်းဘောကျေးရွာအုပ်စုတွင် လည်းကောင်း သင်တန်းကာလ သုံးရက်စီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းအောင်(မိုးကောင်း)