လှိုင်သာယာမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရေဘေးသင့်ပြည်သူများအတွက် ဆန်နှင့် အ၀တ်အထည်များ သွားရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးဥာဏ်ဝင်း ဦးဆောင်သည့် မြို့နယ်ပါတီ ကော်မတီဝင်များနှင့် ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့် ပါတီကော်မတီဝင်များ စုပေါင်းမှုဖြင့် (၂၈.၈.၂၀၁၆) နေ့တွင် ထန်းတပင်မြို့နယ်နှင့် ညောင်တုန်း မြို့နယ်ရှိ ရေဘေးသင့် ပြည်သူများအတွက် ဆန်နှင့် အ၀တ်အထည်များ သွားရောက်လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။

#Yangon Thar

ငလျင်ဒဏ်ကြောင့် ပျက်စီးပြိုကျခဲ့သော ပုဂံဘုရားစေတီများ ပြန်လည် ပြုပြင် တည်ဆောက်ရာတွင် ပြည်ခိုင်ဖြိုးပါတီမှ ပါဝင်ကူညီဆောင်ရွက်ပေးမည်

ယခုလ ၂၄ ရက် ညနေ ၅ နာရီ ၄ မိနစ်က ချောက်မြို့ အနောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး အင်အား ၆ ဒသမ ၈ အဆင့် အင်အားပြင်းငလျင် လှုပ်ခတ်မှုဒဏ်ကြောင့် ညောင်ဦးမြို့အတွင်း ပျက်စီးပြို ကျခဲ့ရသော ပုဂံဘုရားစေတီများအား ပြန်လည်ပြုပြင်တည်ဆောက်ရာတွင် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုး ပါတီ ဗဟိုအတိုင်ပင်ခံ၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီနာယက ဦးရဲမြင့်က သြဂုတ် (၂၆) ရက် နံနက် ၇ နာရီက ပြောကြားခဲ့သည်။

ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး၊ ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုကော်မတီဝင်တို့ ဟင်္သာတခရိုင် ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေများ ပါဝင်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ရေဘေးသင့်ပြည်သူများ ပြန်လည် ထူထောင်ရေးအတွက် လူငယ်များစုပေါင်း၍ ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးရှေ့ အလှူခံထွက်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် သီရိပျံချီ ဦးဌေးဦး ဇနီး ဒေါ်နီနီဝင်း မိသားစုမှ အလှူငွေ ၅ သိန်း၊ ဗဟိုအလုပ် အမှုဆောင် ဦးအောင်တင်မြင့် မိသားစုမှ အလှူငွေ ၁ သိန်း၊ ဗဟိုကော်မတီဝင် ဆရာကြီး ဦးခင်မောင်ရီမိသားစုမှ အလှူငွေ ၂ သောင်း၊ ခရိုင်ပြည်ခိုင်ဖြိုးပါတီ မှ အလှူငွေ ၅ သောင်း၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ ၅ သောင်း အသီးသီး ပါဝင်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ် လက်ကောင်း-သလဲကုန်း-ရွာရှည်ကွန်ကရစ် လမ်းခင်းရန်ပြည်ခိုင်ဖြိုးပါတီမှ ဘိလပ်မြေအိတ် ၁၃ဝ လှူဒါန်း

ပုသိမ်ကြီးမြို့နယ် သလဲကုန်း ကျေးရွာအုပ်စု အတွင်းရှိ လက် ကောင်း- သလဲကုန်း- ရွာရှည် ကွန်ကရစ်လမ်းခင်းရန်အတွက် မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီနှင့် ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တို့ပူးပေါင်း၍ ဘိလပ်မြေအိတ် ၁၃ဝ ကို ယနေ့နံနက် ၉နာရီက အဆိုပါ လမ်းခင်းလုပ်ငန်းများ ဆောင်ရွက်နေ့သည့် ရွာရှည်ကျေး ရွာတွင် လမ်းဖြစ်မြောက်ရေး ကော်မတီသို့သွားရောက်လှူဒါန်း ခဲ့သည်။
”ကျွန်တော်တို့ပါတီက ကျေး လက်ဒေသတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ပါတီအနေနဲ့တတ်နိုင်တဲ့ ဘက်ကနေ အကူအညီပေးနိုင်ဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။အခုလည်း လက်ကောင်း- သလဲ ကုန်း-ရွာရှည် ကွန်ကရစ်လမ်းကြီး အမြန်ဆုံး ပြီးမြောက်ဖို့အတွက် ခရိုင်နဲ့မြို့နယ်ပူးပေါင်းပြီး ဘိလပ် မြေအိတ်တွေလာလှူတာပါ။ ခရိုင် အနေနဲ့ အိတ်၃ဝရယ် မြို့နယ်က အိတ်၁ဝဝရယ် လှူဒါန်းတာပါ။ ဒီလမ်းကြီးပြီးသွားရင် ဒီနယ်မှာ နေတဲ့ ဒေသခံပြည်သူတွေအတွက် စီးပွားရေးကိစ္စတွေ ကျန်းမာရေး ကိစ္စတွေ၊ လူမှုရေးကိစ္စတွေစတဲ့ အရေးကိစ္စတွေမှာ အရင်ကထက် ပိုမိုကောင်းမွန်လာပြီး ဒေသဖွံဖြိုး တိုးတက်လာမယ်လို့ ယုံကြည်ပါ တယ်”ဟု ပုသိမ်ကြီးမြို့နယ်ပါတီ ဥက္ကဋ္ဌဦးဆွေသန်းက ပြောကြား ခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ(၂ဝ၁၆) တတိယနေ့ အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးပြောကြားသော မိန့်ခွန်းကောက်နှုတ်ချက်

“ညီလာခံအဖွင့်တွင် မိန့်ကြားခဲ့သည့် ဥက္ကဋ္ဌကြီး ဦးသိန်းစိန်၏ မိန့်ခွန်းတစ်ရပ် လုံးသည်လည်း လိုက်နာ အကောင် အထည်ဖော်ရမည့် လုပ်ငန်းလမ်းညွှန် ချက်များဖြစ်ပါတယ်။ ယင်းလုပ်ငန်းလမ်းညွှန်ချက်များကို အကောင်အထည် ဖော်ရန် မိမိတို့တွင် မည်သို့သောအားနည်းချက်၊ အားသာချက် ရှိသလဲ ဆိုသည်ကိုလည်း ပြန်လည်ဆန်းစစ်ခဲ့ပြီး ဖြစ်ပါတယ်။

တိုင်းဒေသကြီး၊/ပြည်နယ်ပါတီ ဥက္ကဌများအဖြစ် တာဝန်ပေးအပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အပိုဒ် (၆၇)၊ အပိုဒ်ခွဲ (က)၊ (ည)၊ (ဋ) နှင့် ပါတီအဆင့်ဆင့် ပြန်လည်ပြင်ဆင်ရွေးချယ် ဖွဲ့စည်းရေး လုပ်ထုံးလုပ်နည်းများ အပိုဒ် (၂၇)၊ အပိုဒ်ခွဲငယ် (ဆ)၊ အပိုဒ်ခွဲ ငယ်စိတ် (၆)၊ (၇) တို့အရ ပါတီပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေး ဗဟို ကော်မတီ၏ ရွေးချယ်အတည်ပြု ဆုံးဖြတ်ချက်ဖြင့် အောက်ဖော်ပြပါ ပုဂ္ဂိုလ် များအား ၎င်းတို့အမည်နှင့် ယှဉ်တွဲပါ တိုင်းဒေသကြီး/ ပြည်နယ်ပါတီကော်မတီ ဥက္ကဋ္ဌများအဖြစ် သြဂုတ်လ (၂၃) ရက်နေ့မှစ၍ တာဝန်ပေးအပ်လိုက်ကြောင်း သိရသည် –

စမ်းချောင်းမြို့နယ်/ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ပုံမှန်စည်းဝေးပြုလုပ်

 

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် စမ်းချောင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်/ ရပ်ကွက်ပါတီကော်မတီဝင်များ ပုံမှန်အစည်းအဝေးကို သြဂုတ်လ (၂၅) ရက်နေ့ မွန်းတည့် (၁၂) နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ မြို့နယ်ပါတီပါတီအတွင်းရေးမှူး ဦးစိုးမြင့်မှ ပါတီဗဟိုမှ ချမှတ်ထားသောဦးတည်ချက်များနှင့် ပါတီ၏ ရှေ့လုပ်ငန်းစဉ် များကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး မိုးတွင်းကာလ သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်ရေးအတွက် ခြင်ဆေးဖြန်းခြင်း လုပ်ငန်းများ ဆောင်ရွက် ရန်နှင့် အမျိုးဘာသာသာသနာ လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

အမရပူရပြည်ခိုင်ဖြိုး မိုးရာသီသစ်ပင်စိုက်ပွဲကျင်းပ

(၂၆.၈.၂၀၁၆)ရက်နေ့ နံနက်(၀၇း၀၀)အချိန်တွင် အမရပူရမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် 264/3 အနီးလမ်းဘေးဝဲယာတွင် အမရပူရမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်ရာ ပါတီဗဟိုအတိုင်ပင်ခံဦးရဲမြင့်၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်ပါတီအတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များမှ ဥက္ကဌများနှင့် ပြည်ခိုင်ဖြိုးအဖွဲ့များ၊ အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးဥက္ကဌ ဦးသိန်းထွန်းဦးနှင့်အဖွဲ့များ၊ ရပ်ကွက်/ကျေးရွာများများမှ ပြည်ခိုင်ဖြိုးများ စုစုပေါင်း(၂၀၀)ကျော်ခန့်တက်ရောက်ခဲ့ကြပြီး လမ်းဘေးအရိပ်ရပင်များအား စုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သဘောထားထုတ်ပြန်ချက်

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ၂၄-၈-၂၀၁၆ ရက်စွဲဖြင့် ထုတ်ပြန်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် တစ်ရပ်ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သဘောထားကြေညာချက်တစ်ရပ်ကို သြဂုတ် (၂၅) ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ ယင်းကြေညာချက် အပြည့်အစုံမှာ –

14054040_421453608029772_2978012658390226235_n

(more…)


“စဉ်ဆက်မပြတ် ဦးဆောင်မှုပေးနိုင်ရန်အတွက် ဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့် အမှုဆောင်အဖွဲ့ အဆင့်ဆင့်တို့ကို မျိုးဆက်သစ်အဖြစ်တာဝန်များ လက်ဆင့်ကမ်းလိုက် သော်လည်း ယခင်ဦးဆောင်ခဲ့ကြသည့် လူကြီးများက အသက်အရွယ်၊ ကျန်းမာရေးနှင့် အကြောင်းအမျိုးမျိုးကြောင့် ရှေ့တန်းက တာဝန်မထမ်းဆောင်နိုင်သော်လည်း ပါတီဗဟိုဦးဆောင်ပုဂ္ဂိုလ်ကြီးများ၊ နာယကကြီးများ၊ အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးများအဖြစ် ပါတီကို ရင်အုပ်မကွာ စောင့်ရှောက်ပေးကြမှာဖြစ်သည့်အတွက် အားတက်ရသလို၊ စိတ်ဓာတ်ရေးရာ လုံခြုံမှုလည်းဖြစ်ပါတယ်။ ပါတီရှင်သန် ခိုင်မာရေးအတွက် ပေးလာမယ့် လမ်းညွှန်မှုနဲ့ အကြံဥာဏ်များကိုလည်း လေးစားစွာခံယူလိုပါတယ်။” သြဂုတ် (၂၄) ရက် နံနက် ၈ နာရီခွဲက နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပါတီ ဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ(၂ဝ၁၆) တတိယနေ့ အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးပြောကြားသော မိန့်ခွန်းကောက်နှုတ်ချက်